Pewdiepie လို့ဆိုလိုက်ရင် YouTube ပေါ်မှာ Follower သန်းတစ်ရာကျော်တဲ့ နာမည်အကြီးဆုံး Youtuber တစ်ယောက်ဆိုတာ သိကြမှာပါ။ ဆွီဒင်နိုင်ငံသား PewDiePie ဟာ Youtube Content တွေပြုလုပ်ပြီး နာမည်ကျော်ပေမယ့် Live Stream လုပ်ရင်တော့ Twitch ကိုပဲ သုံးစွဲနေကြဖြစ်ပါတယ်။

ယနေ့မှာ Youtube က ဒီအခွင့်အရေးကို လက်လွတ်မခံဘဲ သူတို့ရဲ့ပလက်ဖောင်းပေါ်မှာသာ Stream ဖို့ Pewdiepie ကို စာချုပ်ထပ်ချုပ်လိုက်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး Pewdiepie က “YouTube ဟာ ဆယ်စုနှစ်တစ်ခုကျော် ကျွန်တော့်ရဲ့အိမ်ရာဖြစ်ခဲ့ပြီး ဒီပလက်ဖောင်းပေါ်မှာပဲ Live Streaming လုပ်ရမှာဟာ တစ်ကမ္ဘာလုံးက ပရိသတ်တွေနဲ့ အပြန်အလှန်ဆက်ဆံဖို့ သဘာဝကျတဲ့ ရွေးချယ်မှုသာဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်နဲ့နောက်ပိုင်းမှာ Live Streaming ကို အာရုံပိုစိုက်သွားမှာဖြစ်ပြီး YouTube နဲ့ ပူးပေါင်းခွင့်ရတာဟာ အနာဂါတ်အတွက် စိတ်လှုပ်ရှားစရာပါပဲ” လို့ ထုတ်ပြန်ပေးခဲ့ပါတယ်။

လက်ရှိမှာ Live Streaming ပလက်ဖောင်းတွေရဲ့ အားပြိုင်မှုက ပြင်းထန်လာပြီး Twitch, Mixer, YouTube နဲ့ Facebook တို့က နာမည်ကျော် Streamer တွေကို သူတို့ရဲ့ပလက်ဖောင်းတစ်ခုတည်းပေါ်မှာ Stream လုပ်ဖို့ အပြိုင်အဆိုင် ခေါ်ယူနေကြပါတယ်။

Pewdiepie ဟာ Twitch ပလက်ဖောင်းပေါ် Stream ရာမှာလည်း မကြာသေးခင်ကမှ Follower တစ်သန်းကျော်သွားခဲ့ပါတယ်။ ၂၀၁၉ တုန်းကတော့ DLive လို့အမည်ရတဲ့ Livestreaming ပလက်ဖောင်းတစ်ခုနဲ့ ခဏလက်တွဲခဲ့ဖူးပါသေးတယ်။

Ref – AFKGaming