ထရမ့် ထောက်ခံသူတွေက လွှတ်တော်ကို ဇန်နဝါရီ ၆ ရက်နေ့ ၊ ၂၀၂၁ ခုနှစ်က တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်အပြီးမှာ YouTube က  သူ့ရဲ့ account ကို ဆိုင်းငံ့ခဲ့တဲ့အတွက် ထရမ့်က စွဲဆိုခဲ့တဲ့ အမှုကို ဒေါ်လာ ၂၄.၅ သန်း (ပေါင် ၁၈.၆ သန်း) နဲ့ ကျေအေးဖို့ သဘောတူခဲ့ပါတယ်။

YouTube to pay $24.5 million to settle President Donald Trump lawsuit -  ABC7 Los Angeles

social media platform တွေဖြစ်တဲ့ X/Twitter နဲ့ Facebook တို့ကလည်း ထရမ့် ရဲ့ account တွေကို ဆိုင်းငံ့ခဲ့တဲ့အတွက် ငွေပေးချေဖို့ သဘောတူခဲ့ပြီးနောက်မှာ YouTube ကလည်း ငွေကြေးနဲ့ ကျေအေးလိုက်တာ ဖြစ်ပါတယ်။

YouTube suspends Donald Trump's channel

ထရမ့် က YouTube နဲ့ တခြားနည်းပညာကုမ္ပဏီတွေကို နိုင်ငံရေးအရ ဘက်လိုက်တယ်လို့ စွပ်စွဲခဲ့ပြီး ၂၀၂၁  အဓိကရုဏ်းအပြီးမှာ ရှေးရိုးစွဲအမြင်တွေကို တရားမျှတမှုမရှိဘဲ ဆင်ဆာဖြတ်တောက်ခဲ့တယ်လို့ ဆိုပါတယ်။

သူ့ရဲ့ account ကို ဆိုင်းငံ့ခဲ့တဲ့အချိန်တုန်းက social media ကုမ္ပဏီတွေက ထရမ့် ဟာ Washington DC မှာ နောက်ထပ်အကြမ်းဖက်မှုတွေကို လှုံ့ဆော်နိုင်တဲ့အန္တရာယ်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

YouTube က တနင်္လာနေ့မှာ ကျေအေးမှုကို သဘောတူခဲ့တာ ဖြစ်ပါတယ်။ ကျေအေးမှုရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ YouTube က အိမ်ဖြူတော်မှာ ballroom အသစ်တစ်ခုဆောက်ဖို့ ဒေါ်လာ သန်း ၂၀၀ ရန်ပုံငွေရှာဖွေနေတဲ့ အကျိုးအမြတ်မယူတဲ့အဖွဲ့ Trust for the National Mall ကို ဒေါ်လာ ၂၂ သန်း ပေးချေမှာ ဖြစ်ပါတယ်။

နောက်ထပ် ဒေါ်လာ ၂.၅ သန်းကိုတော့ American Conservative Union အပါအဝင် ထရမ့် ရဲ့ တရားစွဲဆိုမှုမှာ ပါဝင်ခဲ့တဲ့ တခြားအဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေကို ပေးချေသွားမှာ ဖြစ်ပါတယ်။

Ref : bbc