“I Build Stuff” ရဲ့ တီထွင်သူ YouTuber က လက်နဲ့ကိုင်စရာမလိုဘဲ လူနောက်ကနေ အလိုအလျောက် လိုက်ပါနိုင်တဲ့ ထီးပျံ( Flying Umbrella 2.0) ကို မိတ်ဆက်လိုက်ပါတယ်။ Remote နဲ့ ထိန်းချုပ်ရတဲ့ 2024 version ကို အဆင့်မြှင့်တင်ထားတာဖြစ်ပြီး ဒါကို တည်ဆောက်ဖို့အတွက် တစ်နှစ်နီးပါး အချိန်ယူခဲ့ရပါတယ်။

ဒီဇိုင်းအသစ်မှာ အသုံးပြုသူကို ခြေရာခံဖို့နဲ့ real-time 3D map ဖန်တီးဖို့အတွက် time-of-flight camera ကို အောက်ဘက်မှာ တပ်ဆင်ထားပါတယ်။ ရရှိလာတဲ့ data တွေကို Raspberry Pi က တွက်ချက်ပြီး ထီးက လူ့ခေါင်းပေါ်တည့်တည့်မှာ ရှိနေစေဖို့ propeller တွေကို ဘယ်လိုချိန်ညှိရမလဲဆိုတာ flight controller ကို ညွှန်ကြားပေးပါတယ်။

ဒီထီးကို Drone motor တွေ၊ flight stabilization စနစ်နဲ့ 3D-printed အစိတ်အပိုင်းတွေအပြင် ကျောပိုးအိတ်အသေးလေးထဲ ခေါက်ထည့်လို့ရပြီး ခိုင်ခိုင်မာမာ တပ်ဆင်နိုင်တဲ့ carbon-fiber nylon လက်တံတွေနဲ့ တည်ဆောက်ထားပါတယ်။ Code ပိုင်းဆိုင်ရာ မြှင့်တင်မှုတွေနဲ့ အကြိမ်ကြိမ် စမ်းသပ်မှုတွေ လုပ်ပြီးနောက်မှာတော့ ဒီ Flying Umbrella ဟာ ရည်ရွယ်ထားတဲ့အတိုင်း အလုပ်လုပ်လာခဲ့ပြီး ထီးကို လက်နဲ့ကိုင်စရာမလိုဘဲ မိုးဒဏ်ကနေ ကာကွယ်ပေးနိုင်ပြီ ဖြစ်ပါတယ်။
Ref : Technology Innovation