လက်ရှိအချိန်မှာ NFT တွေကို ရောင်းချင်တာပဲဖြစ်ဖြစ်၊ ဝယ်ယူချင်တာပဲဖြစ်ဖြစ် NFT Marketplace တွေက လိုအပ်နေပြီဖြစ်ပါတယ်။ လက်ရှိအချိန်မှာ OpenSea.io ဟာ အကြီးမားဆုံး NFT Marketplace တစ်ခုဖြစ်ပေမယ့် တခြားသော NFT Marketplace တွေဟာလည်း စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

Yield Farming App တစ်ခုဖြစ်တဲ့ ZooKeeper ဟာ ပြီးခဲ့တဲ့နှစ်တုန်းက ZooKeeper.finance ကို ပြီးခဲ့တဲ့ ဧပြီလ ၂၀၂၁ ခုနှစ်တုန်းက မိတ်ဆက်ခဲ့ပြီး အခုအချိန်မှာတော့ OpenZoo.io နာမည်နဲ့ NFT Marketplace အသစ်ကို မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အဆိုပါ OpenZoo.io NFT Marketplace ဟာ တခြားသော NFT Marketplace တွေထက် ပိုပြီးကွဲပြားနေပြီး အောက်ပါ Category ၈ မျိုးကို ထောက်ပံ့ပေးထားနိုင်မှာပါ။

– Digital Art
– Charity
– Game Assets
– Music
– Utilities
– 3D Art
– Traditional Art
– Video

အခုလိုမျိုး ထူးခြားနေတဲ့ 3D ၊ Video နဲ့ Sound Creation တွေကို Support ပေးထားတာကြောင့် OpenZoo ဟာ Artist တွေနဲ့ Patron တွေအတွက် ရွေးချယ်စရာ NFT Marketplace တစ်ခုဖြစ်လာဖို့ သေချာနေပါတယ်။ OpenZoo ဟာ လက်ရှိ Artist တွေရဲ့ NFT Art တွေ၊ Collection တွေကို ဦးစားပေးပြီး သူတို့ရဲ့ Brand အပြင် Project ကိုပါ Global စျေးကွက်မှာ အောင်မြင်အောင် ဆောင်ရွက်ပေးနိုင်မှာဖြစ်ပါတယ်။

နောက်ထပ် OpenZoo ရဲ့ အားသာချက်တစ်ခုက Gas Fee နည်းပါးတာကြောင့် NFT ကို Mint လုပ်ပြီးတဲ့အချိန်မှာ ချက်ချင်းပြန်လည်ရောင်းချဖို့ လိုအပ်မှာမဟုတ်ပါဘူး။ ဒါတင်မဟုတ်သေးဘဲ အခုမှစတင်ပြီး NFT ကို Mint ပြုလုပ်ချင်တဲ့သူတွေအတွက် Free Gas တွေကိုလည်း ပေးအပ်သွားမယ်လို့ သိရပါတယ်။ ဒါကြောင့် NFT တွေကို အခုမှစတင်စမ်းသပ်ချင်တဲ့သူတွေအတွက် OpenZoo ဟာ အဆင်ပြေစေမှာဖြစ်ပါတယ်။

တစ်ခုရှိတာကတော့ OpenZoo ကို အသုံးပြုဖို့အတွက် Wanchain Network နဲ့ ချိတ်ဆက်ထားတဲ့ MetaMask Wallet ရှိဖို့ လိုအပ်ပြီးတော့ ETH အစား $ZOO Token ကိုပဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ OpenZoo.io ဟာ စတင်မိတ်ဆက်ခဲ့တာ အချိန်အားဖြင့် ရက်ပိုင်းပဲရှိသေးပေမယ့် ရောင်းချမှုပိုင်းမှာ 630,000 $ZOO ကျော်ရှိနေပြီဖြစ်သလို Verified Collection Listing ပေါင်း အခု ၁၀၀ ကျော်ပါဝင်နေပြီဖြစ်ပါတယ်။

Ref – BTC Manager