ZTE က မျက်နှာပြင်အောက် ကင်မရာပါတဲ့ A20 5G ကို မကြာခင် ချပြတော့မှာပါ။ ကုမ္ပဏီက အဲဒီဖုန်းရဲ့ Specs တွေကို ဘာမှ မပြောသေးပေမယ့် မကြာခင်က TENAA မှာ မှတ်ပုံတင်လိုက်ပြီး Specs အပြည့်အစုံနဲ့ ဒီဇိုင်းကို လေ့လာလို့ရလာပါတယ်။

ZTE A20 5G မှာ ၆.၉၂ လက်မ FullHD+ OLED မျက်နှာပြင်ပါလာမှာ ဖြစ်ပြီး လက်ဗွေရာ ကိရိယာကို မျက်နှာပြင်အောက်မှာ မြှပ်နှံထားမှာပါ။ 32MP ဆဲလ်ဖီး ကင်မရာကိုလည်း မျက်နှာပြင်အောက်မှာ မြှပ်နှံထားပြီး  ဓါတ်ပုံမှာ Screen Off ဖြစ်နေတဲ့အတွက် မမြင်ရပါဘူး။ အနောက်ဘက်မှာ 64MP Main, 8MP Ultrawide, 2MP Depth နဲ့ 2MP Macro ကင်မရာ ၄ လုံး ထည့်သွင်းထားမှာပါ။

2.4GHz Octa-core Processor ပါလာမယ်လို့ ဖော်ပြထားတဲ့အတွက် Snapdragon 765G SoC ဖြစ်နိုင်ပါတယ်။ Android 10 ထည့်ထားမှာ ဖြစ်ပြီး 6/8/12GB RAM နဲ့ 64/128/256GB Storage တွေ ရွေးချယ်နိုင်မှာပါ။ 1TGB microSD Card စိုက်နိုင်တဲ့အတွက် ဒေတာတွေ ရှယ်သိမ်းလို့ရပါတယ်။

Fast Charging ပါတဲ့ 4,120mAh ဘက်ထရီ ထည့်ထားမှာ ဖြစ်ပြီး White Red နဲ့ Blue ၂ ရောင် ထုတ်လုပ်ထားမှာပါ။ TENAA မှာ မှတ်ပုံတင်ထားပြီ ဖြစ်တဲ့အတွက် တရုတ်မှာ မကြာခင် ကြေညာနိုင်ပါတယ်။

Ref : gsmarena