[Unicode]

ZTE Axon 10s Pro 5G ရဲ့ သတင်းအချက်အလက်တွေ မနေ့က TENAA မှာ ထွက်ပေါ်လာပါတယ်။ အခုတော့ အဲဒီဖုန်းရဲ့ Specs အပြည့်အစုံကို TENAA မှာ ဖော်ပြလိုက်ပါတယ်။ အဲဒီ ဖုန်းကို နောက်လမှာ ကြေညာနိုင်ပါတယ်။ TENAA က စာရင်းအရ အဲဒီ ဖုန်းရဲ့ အရွယ်အစား အပြည့်အစုံမှာ 159.2 x 73.4 x 7.9mm ဖြစ်ပြီး ၁၇၅ ဂရမ် အလေးချိန်ရှိပါတယ်။ Waterdrop OLED မျက်နှာပြင် ပါလာပြီး မျက်နှာပြင်အောက်မှာ လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။ မျက်နှာပြင်ရဲ့ ဘယ်နဲ့ ညာဘက်မှာ ကွေးညွှတ်ထားတဲ့ ဒီဇိုင်းက လှပါတယ်။ 19.5:9 Aspect Ratio ဖြစ်ပြီး Full HD+ Resolution ရှိပါတယ်။

Snapdragon 865 SoC မောင်းနှင်ထားပြီး 6GB , 8GB နဲ့ 12GB RAM တွေ ရွေးချယ်နိုင်ပါတယ်။ Storage အပိုင်းမှာ 128GB , 256GB နဲ့ 512GB တွေ ထုတ်လုပ်ပေးထားပါတယ်။ Android 10 OS အခြေပြု MiFlavor 10 UI ပါမယ်ဆိုတာ ကုမ္ပဏီက အတည်ပြုထားပြီးပါပြီ။

အနောက်ဘက်မှာ 48MP , 8MP နဲ့ 2MP ကင်မရာ ၃ လုံး ထည့်သွင်းထားပြီး 20MP ကင်မရာကို အရှေ့ဘက်မှာ တပ်ဆင်ထားပါတယ်။ 3,900mAh ဘက်ထရီ ထည့်သွင်းထားပြီး Fast Charging ပါပါတယ်။ အနက်ရောင် ထုတ်လုပ်ပေးထားမယ်လို့ ကုမ္ပဏီက အတည်ပြုထားပြီး Ochre လို့ နာမည်ပေးထားတဲ့ အရောင်ကို TENAA မှာ ပြသထားပါတယ်။ ZTE က အဲဒီ ဖုန်းမှာ LPDDR5 RAM န ဲ့ နောက်ဆုံးပေါ် WiFi 6 ပါမယ်ဆိုတာ အတည်ပြုထားပြီးပါပြီ။

ZTE က Axon 10s Pro 5G ကို ကြေညာမယ့် နေ့ကို မပြောသေးပါဘူး။ ဒါပေမယ့် TENAA မှာ မှတ်ပုံတင်ထားတဲ့အတွက် မကြာခင်မှာ ကြေညာနိုင်ပါတယ်။ အဲဒီဖုန်းရဲ့ ဈေးနှုန်းတော့ မထွက်ပေါ်လာသေးပါဘူး။

Ref : gizmochina

[Zawgyi]

ZTE Axon 10s Pro 5G ရဲ႕ Full Specs ထြက္ေပၚလာ

ZTE Axon 10s Pro 5G ရဲ႕ သတင္းအခ်က္အလက္ေတြ မေန႔က TENAA မွာ ထြက္ေပၚလာပါတယ္။ အခုေတာ့ အဲဒီဖုန္းရဲ႕ Specs အျပည့္အစံုကို TENAA မွာ ေဖာ္ျပလိုက္ပါတယ္။ အဲဒီ ဖုန္းကို ေနာက္လမွာ ေၾကညာႏုိင္ပါတယ္။ TENAA က စာရင္းအရ အဲဒီ ဖုန္းရဲ႕ အရြယ္အစား အျပည့္အစံုမွာ 159.2 x 73.4 x 7.9mm ျဖစ္ၿပီး ၁၇၅ ဂရမ္ အေလးခ်ိန္ရွိပါတယ္။ Waterdrop OLED မ်က္ႏွာျပင္ ပါလာၿပီး မ်က္ႏွာျပင္ေအာက္မွာ လက္ေဗြရာ ကိရိယာ ျမွပ္ႏွံထားပါတယ္။ မ်က္ႏွာျပင္ရဲ႕ ဘယ္နဲ႔ ညာဘက္မွာ ေကြးညႊတ္ထားတဲ့ ဒီဇိုင္းက လွပါတယ္။ 19.5:9 Aspect Ratio ျဖစ္ၿပီး Full HD+ Resolution ရွိပါတယ္။

Snapdragon 865 SoC ေမာင္းႏွင္ထားၿပီး 6GB , 8GB နဲ႔ 12GB RAM ေတြ ေရြးခ်ယ္ႏုိင္ပါတယ္။ Storage အပိုင္းမွာ 128GB , 256GB နဲ႔ 512GB ေတြ ထုတ္လုပ္ေပးထားပါတယ္။ Android 10 OS အေျချပဳ MiFlavor 10 UI ပါမယ္ဆိုတာ ကုမၸဏီက အတည္ျပဳထားၿပီးပါၿပီ။

အေနာက္ဘက္မွာ 48MP , 8MP နဲ႔ 2MP ကင္မရာ ၃ လံုး ထည့္သြင္းထားၿပီး 20MP ကင္မရာကို အေရွ႕ဘက္မွာ တပ္ဆင္ထားပါတယ္။ 3,900mAh ဘက္ထရီ ထည့္သြင္းထားၿပီး Fast Charging ပါပါတယ္။ အနက္ေရာင္ ထုတ္လုပ္ေပးထားမယ္လို႔ ကုမၸဏီက အတည္ျပဳထားၿပီး Ochre လို႔ နာမည္ေပးထားတဲ့ အေရာင္ကို TENAA မွာ ျပသထားပါတယ္။ ZTE က အဲဒီ ဖုန္းမွာ LPDDR5 RAM န ဲ႔ ေနာက္ဆံုးေပၚ WiFi 6 ပါမယ္ဆိုတာ အတည္ျပဳထားၿပီးပါၿပီ။

ZTE က Axon 10s Pro 5G ကို ေၾကညာမယ့္ ေန႔ကို မေျပာေသးပါဘူး။ ဒါေပမယ့္ TENAA မွာ မွတ္ပံုတင္ထားတဲ့အတြက္ မၾကာခင္မွာ ေၾကညာႏုိင္ပါတယ္။ အဲဒီဖုန္းရဲ႕ ေစ်းႏႈန္းေတာ့ မထြက္ေပၚလာေသးပါဘူး။

Ref : gizmochina