၂၀၂၀ ပြည့်နှစ်ကို ကူးပြောင်းပြီး ဒုတိယရက်မှာပဲ ZTE Axon 10s Pro ရဲ့ အသေးစိတ်အချက်အလက်အချို့ ပေါက်ကြားလာခဲ့ပါသေးတယ်။ အခုတော့ တရုတ်အခြေစိုက်ကုမ္ပဏီက သူတို့ရဲ့ Axon 10s Pro ကို တရားဝင် မိတ်ဆက်လိုက်ပါပြီ။ အသေးစိတ်အချက်အလက်ကို တရားဝင်ဝက်ဘ်ဆိုက်မှာ ဖော်ပြလိုက်ပါပြီ။

ကြိုတင်သတင်းထွက်ထားတဲ့အတိုင်း ZTE Axon 10s Pro ဟာ Snapdragon 865 chipset နဲ့ ထွက်လာတာပါပဲ။ RAM ကို 6GB နဲ့ 12GB နှစ်မျိုးခွဲထားသလို သိုလှောင်မှုပမာဏကိုလည်း 128GB နဲ့ 256GB ဆိုပြီး နှစ်မျိုးခွဲထားပါတယ်။ LPDDR5 RSM နဲ့ UFS 3.0 chip တွေကို အသုံးပြုထားတာလည်း ဖြစ်ပါတယ်။

RAM-Booster နဲ့ FS-Booster ပိုင်းမှာလည်း တိုးတက်အောင်ပြုလုပ်ပေးထားတာကြောင့် Read/Write စွမ်းဆောင်ရည်လည်း ပိုကောင်းလာမယ်လို့ သိရပါတယ်။ Android 10 ကို အခြေခံထားတဲ့ MiFavor 10 မောင်းနှင်ထားပါတယ်။ ဒီဟန်းဆက်ဟာ 5G နဲ့ Wi-Fi 6 ကို ထောက်ပံ့ပေးထားပါသေးတယ်။

ZTE Axon 10s Pro ဟာ 6.47-inch AMOLED မျက်နှာပြင်နဲ့ဖြစ်ပြီး 1080p resolution ဖြစ်ပါတယ်။ 19.5:9 aspect ratio လည်း ဖြစ်ပါတယ်။ Fingerprint reader ကို မျက်နှာပြင်အောက်မှာ မြှုပ်နှံထားပြီး Teardrop notch နဲ့အတူ 20MP selfie ကင်မရာတစ်လုံးလည်း တပ်ဆင်ပေးထားပါတယ်။

ကျောဘက်မှာတော့ ကင်မရာသုံးလုံးတပ်ဆင်ပေးထားပြီး အဓိကကင်မရာဟာ 48MP ဖြစ်ပါတယ်။ 8MP telephoto နဲ့ 20mp ultra-wide တို့ကိုလည်း တွဲဖက်ပေါင်းစပ်ထားပါသေးတယ်။ 3.5mm headphone jack ပါဝင်သလို အသံပိုင်းဆိုင်ရာကတော့ stereo ultra-liner speaker တွေနဲ့ DTS: X Ultra ထောက်ပံ့ထားပါတယ်။

ဘက်ထရီပမာဏက 4,000mAh ဖြစ်ပြီး Quick Charge 4+ လုပ်ဆောင်ချက်ဆိုပေမယ့် ကြိုးမဲ့အားသွင်းစနစ်တော့ မပါဝင်ပါဘူး။ ZTE Axon 10s Pro ကို မိတ်ဆက်လိုက်တယ်ဆိုပေမယ့် ဈေးနှုန်းနဲ့ ရောင်းချမယ့်ရက်ကိုတော့ အခုထိ မကြေညာသေးတာကို တွေ့ရပါတယ်။

Ref: GSM Arena