ZTE ဟာ ပြီးခဲ့တဲ့မတ်လပိုင်းတုန်းက Qualcomm Snapdragon 765G Chipset ကို အသုံးပြုထားတဲ့ ZTE Axon 11 5G စမတ်ဖုန်းကို မိတ်ဆက်ခဲ့ပါတယ်။ ဒါတင်မဟုတ်သေးဘဲ ပြီးခဲ့တဲ့ရက်သတ္တပတ်ပိုင်းတုန်းကလည်း MediaTek Dimensity 800 ကို အသုံးပြုထားတဲ့ ZTE Axon 11 SE 5G ဖုန်းကိုပါ ထပ်မံမိတ်ဆက်ခဲ့ပါသေးတယ်။
အခုလည်း ZTE ကနေ ပိုပြီး စျေးသက်သာပြီး 5G Support ပါဝင်မှာမဟုတ်တဲ့ ZTE Axon 11 4G စမတ်ဖုန်းကို မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အဆိုပါ Axon 11 4G စမတ်ဖုန်းဟာ 64MP Quad Camera Setup ပါဝင်မှာဖြစ်ပေမယ့် Processor အနေနဲ့ကတော့ MediaTek Helio P70 ကိုပဲ အသုံးပြုထားမယ်လို့ သိရပါတယ်။
Display ပိုင်းအနေနဲ့ကတော့ 6.47″ Full HD+ AMOLED Curved Display ကို အသုံးပြုထားပြီး Selfie Camera ကိုတော့ Waterdrop Notch အနေနဲ့ပဲ တပ်ဆင်ထားတာဖြစ်ပါတယ်။ Selfie Camera အနေနဲ့ကတော့ 20MP f2.0 Sensor ပါဝင်မှာဖြစ်ပြီး In-Display Fingerprint Sensor လည်း ပါဝင်ဦးမှာပါ။
Camera Setup အနေနဲ့ကတော့ 64MP f1.89 Primary Sensor ၊ 8MP Ultrawide ၊ 2MP Macro နဲ့ 2MP Depth Sensor တွေပါဝင်တဲ့ Quad Camera Setup ကို လေးထောင်ပုံစံနဲ့ တပ်ဆင်ထားတာဖြစ်ပါတယ်။ Battery အနေနဲ့ကတော့ Fast Charging ကို Support ပြုလုပ်မယ့် 4000mAh Battery ပါဝင်မယ်လို့ သိရပါတယ်။
ZTE ကတော့ အဆိုပါ Axon 11 4G စမတ်ဖုန်းမှာရရှိနိုင်မယ့် RAM နဲ့ Storage တွေကို အတိအကျပြောကြားထားခြင်းမရှိသေးသလို စျေးနှုန်းကိုလည်း ကြေညာခဲ့ခြင်းမရှိပါဘူး။ အဲ့ဒီအတွက် လက်ရှိ Axon 11 Series စမတ်ဖုန်းတွေထဲမှာ စျေးအသက်သာဆုံးဖြစ်မယ်လို့ပဲ ခန့်မှန်းရပါတယ်။
Ref – Gizmo China