ZTE ဟာ Axon 10s နာမည်နဲ့ Flagship Axon lineup အောက်မှာ စမတ်ဖုန်းအသစ်တစ်မျိုး မိတ်ဆက်ဦးမယ်လို့ ကောလာဟလ ထွက်ထားခဲ့ဖူးပါတယ်။ ဒါပေမယ့် MWC 2020 ဖျက်သိမ်းခဲ့ပြီးနောက်မှာ ဘာသတင်းမှမကြားရဘဲ ငြိမ်သက်သွားခဲ့ပါတယ်။ အခုတော့ တရုတ်အခြေစိုက် ကုမ္ပဏီက သူတို့ရဲ့ Flagship စမတ်ဖုန်းသစ်ကို ဒီလထဲမှာပဲ တရုတ်နိုင်ငံဈေးကွက်အတွင်း ဖြန့်ချိတော့မယ်လို့ အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။

ZTE Axon 11 5G ကို လာမယ့် မတ်လ ၂၃ ရက်နေ့မှာ တရုတ်နိုင်ငံတွင်း စတင်ရောင်းချမယ်လို့ ကြေညာလိုက်တာ ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့နေတာကြောင့် ZTE Axon 11 5G ကိုလည်း Online Event အနေနဲ့ပဲ မိတ်ဆက်ပြီး ဖြန့်ချိသွားဖွယ်ရှိနေပါတယ်။ ဒီအတွက် မတ်လ ၂၃ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီကို စောင့်ဆိုင်းကြရမှာ ဖြစ်ပါတယ်။

ZTE Axon 11 5G နဲ့ပတ်သက်ပြီး “5G Video Phone” လို့တော့ ပိုစတာမှာ ဖော်ပြထားပါတယ်။ ဒါကြောင့် ကုမ္ပဏီအနေနဲ့ သူတို့ရဲ့ Flagship သစ်ကို ကဏ္ဍနှစ်ခုမှာ အားသာချက်ရှိအောင် အာရုံစိုက်ထားတယ်လို့ ဆိုနိုင်ပါတယ်။ တစ်ခုကတော့ 5G ချိတ်ဆက်နိုင်ခြင်းဖြစ်ပြီး နောက်တစ်ခုကတော့ ဗီဒီယိုရိုက်ကူးမှုပိုင်းအတွက် ကင်မရာနဲ့ လုပ်ဆောင်ချက်တွေဖြစ်ပါလိမ့်မယ်။

ကနဦးထွက်ခဲ့တဲ့ကောလာဟလတွေမှာတော့ ZTE Axon 11 5G ဟာ Qualcomm Snapdragon 865 Chipset ကို အသုံးပြုထားမယ်လို့ ဆိုခဲ့တာပါ။ ဒါပေမယ့်လည်း ကုမ္ပဏီကတော့ SoC ပိုင်းနဲ့ပတ်သက်ပြီး တရားဝင်ထုတ်ဖော် ပြောဆိုထားခြင်း မရှိသေးပါဘူး။ ဒါကြောင့် Axons 10s လို့ခေါ်ခဲ့ကြတဲ့ Device ကို Axon 11 5G အနေနဲ့ ဖြန့်ချိဖွယ်ရှိတယ်လို့လည်း သုံးသပ်လာကြတာ ဖြစ်ပါတယ်။

သတင်းဖော်ပြချက်တွေအရတော့ ZTE Axon 11 5G ဟာ 6.47-inch AMOLED မျက်နှာပြင်နဲ့ ဖြစ်ပါတယ်။ Full HD+ resolution 1080 x 2340 pixels နဲ့ ဖြစ်သလို Aspect ratio ကလည်း 19.5:9 လို့ သိရပါတယ်။ Waterdrop အမျိုးအစား Notch နဲ့ဖြစ်ပြီး UD fingerprint အမျိုးအစားလို့လည်း သိရပါတယ်။ Notch ထဲမှာတော့ 20MP selfie ကင်မရာရှိပါလိမ့်မယ်။

ကျောဘက်မှာ ကင်မရာသုံးလုံးတပ်ဆင်ထားပြီး 48MP အဓိက ကင်မရာကို 20MP (125-degree field-of-view) ultrawide နဲ့ 8MP telephoto lense တွေနဲ့ တွဲဖက်ပေးထားတယ်လို့ ဆိုပါတယ်။ SD 865 ကို 12GB LPDDR5 RAM နဲ့ 256GB UFS 3.0 တို့နဲ့ တွဲဖက်ထားတယ်လို့လည်း သိရပါတယ်။ 4,000mAh ဘက်ထရီဖြစ်ပြီး Quck Charge 4+ အမြန်အားသွင်းစနစ် ထောက်ပံ့ထားတယ်လို့လည်း သိရပါတယ်။

Ref: Gizmochina