ZTE က Axon 11 5G ကို ကြေညာလိုက်ပြီး Dual-mode 5G (SA/NSA) ကို ထောက်ပံ့ပါတယ်။ Snapdragon 765G SoC မောင်းနှင်ထားပြီး အနောက်ကင်မရာ ၄ လုံးကို စတုရန်း အကွက်ထဲမှာ ထည့်ထားပါတယ်။ အနောက်ဘက်ကို ဖန်နဲ့ ဖုံးအုပ်ထားပြီး ဖုန်း ဒီဇိုင်းက တော်တော်လန်းပါတယ်။
Axon 11 5G မှာ ၆.၄၇ လက်မ FHD+ AMOLED မျက်နှာပြင် ပါလာပြီး 20MP ဆဲလ်ဖီး ကင်မရာကို အရွယ်သေး Notch မှာ တပ်ဆင်ထားပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာပါပြီး မျက်နှာပြင် အချိုးက 19.5:9 ဖြစ်ပါတယ်။ အနောက်ဘက်မှာ 64MP Main , 8MP Ultrawide , 2MP Macro နဲ့ 2MP Depth ကင်မရာတွေ ထည့်သွင်းထားပါတယ်။
microSD Card စိုက်နိုင်တဲ့အတွက် ဒေတာတွေ ကောင်းကောင်း သိမ်းနိုင်ပြီး Quick Charge 4.0+ ပါတဲ့ 4,000mAh ဘက်ထရီ ပါလာပါတယ်။ Android 10 အခြေပြု ZTE MiFavor 10 မောင်းနှင်ထားမှာ ဖြစ်ပြီး အနက်နဲ့ အဖြူရောင် ထုတ်လုပ်ထားပါတယ်။ တန်ဖိုးအနည်းဆုံး 6/128GB ကို ၂,၆၉၈ ယွမ်၊ 8/128GB ကို ၂,၉၉၈ ယွမ်နဲ့ 8/256GB ကို ၃,၃၉၈ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၅ သိန်း ၃ သောင်း၊ ၅ သိန်း ၉ သောင်းနဲ့ ၆ သိန်း ၇ သောင်းလောက် အသီးသီး ရှိပါတယ်။ တရုတ်မှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး ရောင်းမယ့်နေ့ကို မသိရသေးပါဘူး။
ref : gsmarena