ZTE ဟာ ဇွန်လမှာ Axon 11 SE 5G ကို ကြေညာခဲ့ပြီး Aurora Charm Sea နဲ့ Aurora Clacier ၂ ရောင်ရောင်းပေးမယ်လို့ ပြောထားပါတယ်။ ဒါပေမယ့် Aurora Charm Sea ၁ ရောင်ကိုပဲ ရောင်းပေးခဲ့ပြီး အခုတော့ Aurora Glacier အရောင်ကို တရုတ်မှာ ဝယ်ယူနိုင်ပြီ ဖြစ်ပါတယ်။

တရုတ်မှာ 6/128GB ကို ၁,၉၉၈ ယွမ်၊ 8/128GB ကို ၂,၂၉၈ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၃ သိန်း ၉ သောင်းနဲ့ ၄ သိန်း ၅ သောင်း အသီးသီး ကျသင့်ပါတယ်။ အခုအရောင်အသစ်ရဲ့ 8/128GB ကိုတော့ ၂,၀၉၈ ယွမ် သတ်မှတ်ထားပြီး ယွမ် ၂၀၀ ဈေးလျှော့ထားပါတယ်။

ZTE Axon 11 SE 5G မှာ ၆.၅၃ လက်မ IPS LCD မျက်နှာပြင်နဲ့ Punch Hole ပါပါတယ်။ Android 10 အခြေပြု MiFavor 10.1 မောင်းနှင်ထားပြီး အရှေ့ဘက်မှာ 16MP ကင်မရာ ပါပါတယ်။ အနောက်ဘက်မှာ 48MP Main, 8MP Ultrawide, 2MP Macro နဲ့ 2MP Depth ကင်မရာ ၄ လုံးကို လေးထောင့်ကွက်ထဲမှာ ထည့်ထားပါတယ်။

Dimensity 800 5G Chipset မောင်းနှင်ထားပြီး LPDDR4x RAM , UFS 2.1 Storage နဲ့ microSD Slot ထည့်ထားပါတယ်။ 18W Fast Charging ပါတဲ့ 4,000mAh ဘက်ထရီ ပါပါတယ်။

Ref : gizmochina