ZTE Axon 11 ကို မတ်လ ၂၃ ရက်နေ့မှာ ကြေညာမယ်လို့ ထင်ရပြီး အခုတော့ ကုမ္ပဏီက အဲဒီ ဖုန်းရဲ့ Teaser ဓါတ်ပုံ ၁ ပုံကို မျှဝေလိုက်ပါတယ်။ ဓါတ်ပုံမှာ ရုပ်ရှင်ထူးချွန်ဆု ရထားတဲ့ မင်းသား လည်း ဖြစ် ၊ Brand Ambassador လည်း ဖြစ်သူ Sean Sun က ဖုန်းကို ကိုင်ထားတာတွေ့ရပါတယ်။
ဖုန်းရဲ့ အနောက်ဘက် ဒီဇိုင်းကို လေ့လာခွင့်ရလာပြီး အနောက်ကင်မရာ ၄ လုံးကို ဘယ်ဘက်အထက်က စတုရန်းပုံစံကွက်ထဲမှာ ထည့်သွင်းထားပါတယ်။ ကင်မရာတွေရဲ့ အောက်မှာ LED ထည့်သွင်းထားပြီး ဖုန်း ကုမ္ပဏီတော်တော်များများ စတန့်ထွင်နေသလို ကင်မရာ သတင်းအချက်အလက် စာသားတွေကိုလည်း တွေ့ရပါတယ်။ ကင်မရာတွေ တပ်ဆင်ထားတာ အရမ်းကို ရိုးရှင်းပြီး ငေါ်ထွက် ၊ ရုပ်ဆိုးနေတာမျိုး မရှိပါဘူး။ Periscope ကင်မရာ မပါလာတာ သေချာပေမယ့် ကင်မရာတွေရဲ့ Specs တွေကို မသိရသေးပါဘူး။
Axon 10 နဲ့ Axon 10s တို့မှာ အနောက်ကင်မရာ ၃ လုံးပါလာပြီး Regular , Wide-angle နဲ့ Telephoto တွေ ဖြစ်ပါတယ်။ Axon 11 ရဲ့ စတုတ္ထမြောက်ကင်မရာဟာ ToF ဒါမှမဟုတ် Macro ဖြစ်နိုင်ပါတယ်။ Axon 11 မှာ Qualcomm ရဲ့ နောက်ဆုံးထုတ် အလန်းစား Snapdragon 865 SoC မောင်းနှင်ထားနိုင်ပြီး 5G ဆက်သွယ်မှု ပါလာမှာပါ။ အနည်းဆုံး 18W Fast Charging ထည့်သွင်းထားနိုင်ပြီး လာမယ့်ရက်ပိုင်းအတွင်းမှာ သတင်းအချက်အလက် အပြည့်အစုံကို သိလာရတော့မှာပါ။
Ref : gsmarena