ပြီးခဲ့တဲ့ ရက်အနည်းငယ်က ZTE အရာရှိ ၁ ယောက်ဟာ အနက်ရောင် ZTE Axon 20 5G ဓါတ်ပုံကို မျှဝေခဲ့ပါတယ်။ အခုတော့ သူကပဲ အရောင် အသစ် ၃ ရောင်ကို ချပြလိုက်ပါတယ်။ ဒါ့အပြင် ဓါတ်ပုံမှာ 64MP Main ကင်မရာ ပါမယ်ဆိုတာ အတည်ပြုထားပြီး ဖုန်း မျက်နှာပြင်ကို အသေးစိတ် လေ့လာနိုင်ပါတယ်။ မျက်နှာပြင်အောက်မှာ ဆဲလ်ဖီး ကင်မရာ ထည့်ထားတဲ့အတွက် Notch နဲ့ Punch Hole တွေ မပါလာပါဘူး။

ZTE က Axon 20 5G ရဲ့  တခြား Specs တွေကို မပြောသေးပါဘူး။ ဒါပေမယ့် TENAA က စာရင်းအရ ၆.၉၂ လက်မ FullHD+ OLED မျက်နှာပြင်နဲ့ မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ ထည့်သွင်းထားမှာပါ။ 2.4GHz Octa-core Processor ပါမယ်လို့ ဖော်ပြထားတဲ့အတွက် Snapdragon 765G SoC ဖြစ်နိုင်ပါတယ်။ Android 10 မောင်းနှင်ထားမှာ ဖြစ်ပြီး 12GB RAM နဲ့ 256GB Storage အထိ ရွေးချယ်နိုင်မှာပါ။

32MP ဆဲလ်ဖီး ကင်မရာ ပါလာမှာ ဖြစ်ပြီး အနောက်ဘက်မှာ 64MP Main , 8MP ,2MP နဲ့ 2MP ကင်မရာ ၄ လုံး ထည့်ထားမှာပါ။ Fast Charging ပါတဲ့ 4120mAh ဘက်ထရီ ထောက်ပံ့ထားမှာ ဖြစ်ပြီး စက်တင်ဘာလ ၁ ရက်နေ့မှာ ကြေညာမှာပါ။

Ref : gsmarena