ZTE ဟာ စက်တင်ဘာလမှာ မျက်နှာပြင်အောက် ဆဲလ်ဖီး ကင်မရာ ပါတဲ့ ကမ္ဘာ့ ပထမဆုံး ဖုန်း Axon 20 5G ကို ကြေညာပြီးတော့ သတင်းခေါင်းစီးတွေမှာ နေရာယူနိုင်ခဲ့ပါတယ်။ အခုတော့ ZTE က Axon 20 5G Extreme Edition ကို ကြေညာလိုက်ပြီး 12GB RAM ၊ လိမ္မော်ရောင် သားရေအတု အနောက်ဘက် ဒီဇိုင်းတွေနဲ့ အဆင့်မြှင့်ထားပါတယ်။

ZTE Axon 20 5G Extreme Edition comes with 12GB RAM and leather-like back

အဲဒီ ပြောင်းလဲမှု ၂ ခုကလွဲကာ ကျန်တဲ့ အစိတ်အပိုင်းတွေက မူလ Axon 20 5G နဲ့တူညီပါတယ်။ ZTE Axon 20 5G Extreme Edition မှာ ၆.၉၂ လက်မ OLED FHD+ မျက်နှာပြင်နဲ့ 90Hz Refresh Rate ပါလာပါတယ်။ မျက်နှာပြင်အောက် ကင်မရာ အပြင် အောက်ခြေနားမှာ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။

စွမ်းရည်သင့် Snapdragon 765G Chipset မောင်းနှင်ထားပြီး 12GB RAM နဲ့ အဆင့်မြှင့်ထားပါတယ်။ မူလ မော်ဒယ်မှာတော့ 6/8GB RAM ပဲ ထည့်ထားတာပါ။ မော်ဒယ် အသစ်မှာ 256GB Storage ပါလာပါတယ်။ အနောက်ဘက်မှာ 64MP Main , 8MP Ultrawide , 2MP Macro နဲ့ 2MP Depth ကင်မရာ ၄ လုံး ထောက်ပံ့ထားပြီး 30W Charging ပါတဲ့ 4,220mAh ဘက်ထရီ ပါလာပါတယ်။ ဆော့ဖ်ဝဲ အပိုင်းကို ပြောရရင် Android 10 အခြေပြု ZTE Mifavor 10.5 မောင်းနှင်ထားပါတယ်။

ZTE Axon 20 5G Extreme Edition comes with 12GB RAM and leather-like back

ZTE Axon 20 5G Extreme Edition ကို ၃,၄၉၈ ယွမ် သတ်မှတ်ထားပြီး ရောင်းမယ့် အချိန်ကို မသိရသေးပါဘူး။ မြန်မာငွေနဲ့တွက်ရင် ၇ သိန်းလောက် ကျသင့်မှာပါ။

Ref : gsmarena