ZTE က အရင်နှစ်ထုတ် Axon 30 ကို အဆင့်မြှင့်ထားတဲ့ Axon 30S ကို တရုတ်မှာ ကြေညာလိုက်ပါတယ်။ အဓိက Specs နဲ့ ဒီဇိုင်းက မပြောင်းလဲဘဲ တစ်ခုထဲသော ကွာခြားချက်က ဆော့ဖ်ဝဲ ဖြစ်ပြီး Axon 30S မှာ Android 12 အခြေပြု ZTE MyOS 12 မောင်းနှင်ထားပါတယ်။

Axon 30S key specs

8/128GB မော်ဒယ်ကို ၂၃၈ ဒေါ်လာနဲ့ 12/256GB မော်ဒယ်ကို ၃၀၈ ဒေါ်လာ သတ်မှတ်ထားပါတယ်။ Axon 30S အတွက် အနက်နဲ့ အပြာရောင် ထုတ်လုပ်ထားပြီး တရုတ်မှာ ဝယ်ယူနိုင်ပြီ ဖြစ်ပါတယ်။ နိုင်ငံတကာမှာ ရောင်းချမယ့် အချိန်ကို မသိရသေးပါဘူး။

Axon 30S key specs

ZTE Axon 30S မှာ ၆.၉၂ လက်မ 10-bit OLED မျက်နှာပြင် တပ်ဆင်ထားပြီး FHD+ Resolution နဲ့ 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ မျက်နှာပြင်အောက်မှာ 16MP ဆဲလ်ဖီး ကင်မရာနဲ့ လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။ အနောက်ဘက်မှာ 64MP Main , 8MP Ultrawide နဲ့ 5MP Macro ကင်မရာ ၃ လုံး တပ်ဆင်ထားပါတယ်။

Qualcomm Snapdragon 870 Chipset မောင်းနှင်ထားပြီး 4,200mAh ဘက်ထရီ ပါလာကာ 55W Charger ထည့်သွင်းပေးထားပါတယ်။

Ref : gsmarena