ZTE က တရုတ်မှာ Axon 60 Ultra ကို ကြေညာလိုက်ပြီး ဂြိုလ်တု ဆက်သွယ်ရေး ပါလာပါတယ်။ တရုတ်ရဲ့ Tiantong ဂြိုလ်တု စနစ်ကို အသုံးပြုထားတာ ဖြစ်ပြီး ဖုန်း ပြောနိုင်၊ စာပို့နိုင်ပါတယ်။ ထူးခြားတာက အဲဒီဖုန်းကို တရုတ် အစိုးရနဲ့ စီးပွားရေးလုပ်ငန်းတွေအတွက်ပဲ ရောင်းချပေးထားပြီး လူတိုင်း ဝယ်လို့ မရပါဘူး။

ZTE က ဒေတာ ပို့ဆောင်မှု လျှင်မြန်အောင်နဲ့ Latency နည်းပါးအောင် ဆယ်လ်လူလာနဲ့ ဂြိုလ်တု ကွန်ရက်ကို တစ်ပြိုင်နက် အသုံးပြုနိုင်အောင် ပြုလုပ်ပေးထားပါတယ်။ ဆယ်လ်လူလာ ဆက်သွယ်မှု အားနည်းတဲ့ ဒေသတွေမှာ ဆက်သွယ်ရေး ပိုကောင်းစေပါတယ်။

Axon 60 Ultra မှာ 5G-Advanced (5.5G) ကို ထောက်ပံ့ပေးထားပြီး Download Speed က 10Gbps နဲ့ Upload Speed က 1Gbps ဖြစ်ပါတယ်။

Axon 60 Ultra မှာ 6.78” OLED 1220 Display ပါလာပြီး 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ Snapdragon 8 Gen 2 Chipset မောင်းနှင်ထားပြီး LPDDR5X RAM နဲ့ UFS 4.0 Storage ပါပါတယ်။

အနောက်ဘက်မှာ OIS ပါတဲ့ 50MP Main , 50MP Ultrawide နဲ့ Macro Lens ကင်မရာတွေ တပ်ဆင်ထားပြီး အရှေ့ဘက်က Punch Hole မှာ 32MP ကင်မရာ ပါလာပါတယ်။ 6,000mAh Battery နဲ့ 80W Wired Charging ထည့်သွင်းထားပြီး IP68 ရေစိုခံစံနှုန်း ပါပါတယ်။ ZTE က ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကို မပြောသေးပါဘူး။

Ref : gsmarena