၂၀၂၀ ရဲ့ နောက်ဆုံးသုံးလပတ်ကိုရောက်နေပြီဖြစ်ပေမယ့် ZTE ကတော့ ဒီနှစ်အတွက် ပထမဆုံးသော Blade စမတ်ဖုန်းကို မိတ်ဆက်ဖို့ ပြင်ဆင်နေတုန်း ဖြစ်ပါတယ်။ ZTE Blade 20 5G ဟာ ဈေးနှုန်းအားဖြင့် ချိုသာတဲ့ 5G စမတ်ဖုန်း အမျိုးအစားဖြစ်လာပါလိမ့်မယ်။

Blade 20 5G ကို တရုတ်ရဲ့ TENAA အသိအမှတ်ပြုအေဂျင်စီရဲ့ ဒေတာဘေ့စ်မှာ တွေ့မြင်ရပြီ ဖြစ်ပါတယ်။ ဒါ့အပြင် တူညီတဲ့မော်ဒယ်နံပါတ် ZTE 8012N နဲ့အတူ China Telecom ရဲ့ Product library ပေါ်မှာလည်း တွေ့မြင်ရပါတယ်။ ထုတ်ကုန်သစ်စာရင်းမှာ ဒီဟန်းဆက်ရဲ့ အချက်အလက်အချို့ကိုလည်း တွေ့မြင်အတည်ပြုနိုင်ပြီ ဖြစ်ပါတယ်။

ZTE Blade 20 5G ဟာ 6.52-inch LCD အမျိုးအစား၊ HD+ resolution နဲ့ဖြစ်ပါတယ်။ မျက်နှာပြင်ထက်မှာ Waterdrop notch တစ်ခုပါရှိပြီး၊ Notch ထဲကကင်မရာကတော့ 8MP ဖြစ်ပါတယ်။ MediaTek ရဲ့ Dimensity 720 chipset ကိုအသုံးပြုထားပြီး 6GB of RAM, 128GB storage တို့ကို တွဲဖက်ပေးထားတာလည်း တွေ့ရပါတယ်။

ကျောဘက်မှာ 16MP အဓိကကင်မရာနဲ့ 8MP ultrawide ကင်မရာတို့အပြင် 2MP depth module တို့ကို တပ်ဆင်ပေးထားပါတယ်။ လုံခြုံရေးစနစ်အတွက် Fingerprint scanner ကိုလည်း ကျောဘက်မှာပဲ တပ်ဆင်ပေးထားပါတယ်။ Software ပိုင်းကိုတော့ Android 10 မောင်းနှင်မယ်လို့ သိရပါတယ်။

ZTE Blade 20 5G ကို အပြာရောင်နဲ့ မီးခိုးရောင်ဆိုပြီး အရောင်နှစ်မျိုး ရရှိမယ်လို့ သိရပါတယ်။ ဈေးနှုန်းကတော့ $254 (၃ သိန်း ၃ သောင်းဝန်းကျင်) ဖြစ်ပြီး Singles Day ကို ပစ်မှတ်ထားတာကြောင့် November 11 ဝန်းကျင်မှာ ဖြန့်ချိမယ်လို့ မျှော်လင့်ရပါတယ်။

Ref: GSM Arena