ZTE Blade A51 ဟာ Bluetooth SIG နဲ့ Federal Communications Commission (FCC) ကနေ Certification တွေ ရရှိထားပြီးပါပြီ။ Bluetooth SIG က စာရင်းအရ Bluetooth 4.2 ပါလာမှာ ဖြစ်ပြီး FCC ကနေ အဲဒီ တန်ဖိုးနည်း ဖုန်းရဲ့ ဓါတ်ပုံနဲ့ အဓိက Specs တွေ ပေါက်ကြားလာပါတယ်။

ZTE Blade A51 Bluetooth SIG

ဓါတ်ပုံအရ ၆.၁ လက်မ မျက်နှာပြင်မှာ အရွယ်သေး Notch တပ်ဆင်ထားပြီး တန်ဖိုးနည်း ဖုန်း ဖြစ်တဲ့အတွက် LCD ဖြစ်နိုင်ပါတယ်။ အနောက်ဘက်ကို ပလတ်စတစ်နဲ့ တည်ဆောက်ထားပြီး လေးထောင့် ကင်မရာ အကွက်နဲ့ လက်ဗွေရာ ကိရိယာလည်း မြင်ရပါတယ်။ ညာဘက်မှာ အသံခလုတ်နဲ့ ပါဝါ ခလုတ်တွေ ထည့်သွင်းထားပြီး ဘယ်ဘက်မှာ SIM Card Slot ပါပါတယ်။

ဘက်ထရီက 3,200mAh ဖြစ်ပြီး 5W Charging ပဲ ပါတာက သိပ်မမိုက်ပါဘူး။ ဖုန်း အောက်ခြေမှာ USB-C Slot နဲ့ စပီကာ အပေါက်ပါလာပြီး ထိပ်ဖက်မှာ နားကြပ်ပေါက် တပ်ဆင်ထားပါတယ်။ Spreadtrum Chipset မောင်းနှင်ထားပြီး LTE နဲ့ 2.4GHz WiFi ထောက်ပံ့ထားပါတယ်။ ဘူးထဲမှာ Charger နဲ့ နားကြပ် ၁ ခု ပါလာနိုင်ပါတယ်။

ZTE Blade A51 live shots 1

ZTE Blade A51 ရဲ့ တခြား Specs နဲ့ ကြေညာမယ့် အချိန်ကို မသိရသေးပါဘူး။ FCC နဲ့ Bluetooth SIG ကို ရောက်လာပြီ ဖြစ်တဲ့အတွက် မကြာခင် ကြေညာနိုင်ပါတယ်။

Ref : gizmochina