ZTE က တရုတ်မှာ Axon 50 Standard Edition ကို ကြေညာလိုက်ပါတယ်။ ၂၀၂၃ ခုနှစ်မှာ ZTE က Axon 50 Ultra နဲ့ Axon 50 Lite ကို မိတ်ဆက်ခဲ့ပါတယ်။ အခုဖုန်းမှာ ဒီဇိုင်းကို ဆန်းသစ်ထားပြီး စွမ်းရည်က အဖက်ဖက်က ကောင်းမွန်ပါတယ်။

ZTE has officially launched the Axon 50 Standard Edition in China »  YugaTech | Philippines Tech News & Reviews

Axon 50 မှာ 6.67” AMOLED 2400x1080p Display သုံးထားပြီး 144Hz Refresh Rate ထောက်ပံ့ထားပါတယ်။ 1000 Nits Peak Brightness နဲ့ TUV Low Blue Light Certification ပါပါတယ်။

Chipset က Snapdragon 8+ Gen 1 ဖြစ်ပြီး 12GB LPDDR5X RAM နဲ့ 512GB UFS 3.1 Storage နဲ့ တွဲဖက်ထားပါတယ်။ ZTE ရဲ့ Custom Android Skin ဖြစ်တဲ့ MyOS 12 မောင်းနှင်ထားပါတယ်။

ZTE Axon 50 Ultra teased as new flagship smartphone - NotebookCheck.net News

ကင်မရာ ၃ လုံး တပ်ဆင်ထားပြီး 64MP Main  (OIS), 50MP Ultrawide /Macro , 50MP Telephoto (3x Optical Zoom) ဖြစ်ပါတယ်။ 80W Fast Charging ပါတဲ့ 5,000mAh Battery သုံးထားပါတယ်။

ZTE Axon 50 ကို ၁,၇၉၉ ယွမ် (၂၅၀ ဒေါ်လာ) သတ်မှတ်ထားပြီး JD.com ကနေ ရောင်းချပေးထားပါတယ်။ 12GB RAM+512GB Storage Version ၁ မျိုးထဲ ထုတ်လုပ်ထားပါတယ်။

Ref : Gizmochina