[Zawgyi]

ZTE Nubia X ကေတာ့ သူမ်ားနဲ႔မတူ တစ္မူထူးျခားစြာနဲ႔ ထြက္ေပၚလာခဲ့ပါၿပီ။ Screen ႏွစ္ခုပါတဲ့ Smartphone ျဖစ္သလို Selfie Camera မပါဝင္တဲ့ Smartphone လည္း ျဖစ္ပါတယ္။ Screen ႏွစ္ခုက တကယ္ပဲလိုအပ္ရဲ႕လား? Selfie Camera မပါတာ တကယ္ပဲ လူႀကိဳက္မ်ားပါ့မလား? ေမးခြန္းေတြ ဘယ္လိုပဲျဖစ္ျဖစ္ Nubia X ကေတာ့ သူ႔စတိုင္နဲ႔ သူပါပဲ။

မ်က္ႏွာျပင္အခ်ိဳးကို ၾကည့္လိုက္ေတာ့ 93.6% Screen-to-Body လို႔ဆိုပါတယ္။ အဓိကမ်က္ႏွာျပင္က 19:9 အခ်ိဳးနဲ႔ 6.26-inch LCD ပါ။ Resolution က FHD+ (1080 x 2280 pixels) ျဖစ္ပါတယ္။ ေနာက္ေက်ာဘက္မွာလည္း 5.1-inch OLED မ်က္ႏွာျပင္တစ္ခု တပ္ဆင္ေပးထားပါတယ္။ ဒါေၾကာင့္ Nubia X က မ်က္ႏွာျပင္ႏွစ္ခုျဖစ္ေနတာပါ။ ေက်ာဘက္ကလည္း 19:9 အခ်ိဳးျဖစ္ေပမယ့္ HD+ (720 x 1520) Resolution ျဖစ္တာေၾကာင့္ အေရွ႕မ်က္ႏွာျပင္ထက္ နိမ့္ပါတယ္။

Screen ႏွစ္ခုပါတာက ဘယ္ေနရာမွာ အသုံးတည့္လဲဆိုေတာ့ Selfie ႐ိုက္တဲ့အခ်ိန္မွာေတာ့ ေသခ်ာေပါက္ အသုံးတည့္သြားပါတယ္။ အေနာက္ကင္မရာနဲ႔ပဲ Selfie ႐ိုက္၊ အေနာက္ဘက္ မ်က္ႏွာျပင္မွာပဲ ျပန္ၾကည့္လို႔ရပါတယ္။ ဒီေတာ့ သီးသန႔္ Selfie camera မလိုေတာ့တဲ့ သေဘာသက္ေရာက္သြားပါတယ္။ ဒါတင္မကေသးပါဘူး ေက်ာဘက္ မ်က္ႏွာျပင္ကို Primary Display အျဖစ္ထားၿပီး အသုံးျပဳႏိုင္ေအာင္လည္း ေထာက္ပံ့ေပးထားပါေသးတယ္။ ဒါေပမယ့္ Resolution ေၾကာင့္ အေရွ႕ဘက္မ်က္ႏွာျပင္ကပဲ ပိုၿပီး သုံးလို႔ေကာင္းမွာပါ။

ေက်ာဘက္မွာ Dual Camera တပ္ဆင္ေပးထားပါတယ္။ တစ္လုံးကေတာ့ 16MP f/1.8 နဲ႔ျဖစ္ၿပီး ေနာက္တစ္လုံးကေတာ့ 24MP f/1.7 ျဖစ္မယ္လို႔ ခန႔္မွန္းရပါတယ္။ AI scene recognition feature ရယ္ PDAF phase detection autofocus စတာေတြလည္း ေထာက္ပံ့ေပးထားတယ္လို႔ သိရပါတယ္။ ဘက္ထရီပိုင္းကေတာ့ 3,800 mAh ပါ။ Qualcomm Snapdragon 845 Chipset ကို အသုံးျပဳထားပါတယ္။

မ်က္ႏွာျပင္ႏွစ္ဖက္လုံးမွာ Fingerprint Scanner ေတြ ရွိေနတာေၾကာင့္ ဘယ္ဘက္ကေနပဲဖြင့္ဖြင့္ ရပါတယ္။ Fast Charging စနစ္ပါဝင္ၿပီး အပူေတြကို ျဖန႔္ေပးမယ့္ Cooling စနစ္လည္း ပါဝင္ပါတယ္။ ဒါေပမယ့္ No 3.5mm audio jack ပါ။ Deep Gray, Black Gold နဲ႔ Sea Light Blue ဆိုၿပီး အေရာင္သုံးမ်ိဳးနဲ႔ လာပါတယ္။ အသုံးျပဳထားပါတယ္။ 6GB RAM/64GB က Standard Version ျဖစ္ၿပီး ($473) ဝန္းက်င္ ျဖစ္ပါတယ္။ 8GB RAM/256GB Standard ကေတာ့ ($530) ဝန္းက်င္ပါ။ 8GB RAM/256GB ကိုမွ Deep Gray, Black Gold ဆိုရင္ေတာ့ ($602) ဝန္းက်င္ပါ။ 8GB RAM/256GB ကိုပဲ Sea Light Blue ဆိုရင္ေတာ့ ေဈးပိုေပးရဦးမယ္လို႔ သိရပါတယ္။ ႏိုဝင္ဘာ ၅ ရက္ေန႔မွာ စတင္ေရာင္းခ်မယ္လို႔လည္း သိရပါတယ္။

Ref: gsmarena

[Unicode]

ZTE nubia X ကတော့ သူများနဲ့မတူ တစ်မူထူးခြားစွာနဲ့ ထွက်ပေါ်လာခဲ့ပါပြီ။ Screen နှစ်ခုပါတဲ့ Smartphone ဖြစ်သလို Selfie Camera မပါဝင်တဲ့ Smartphone လည်း ဖြစ်ပါတယ်။ Screen နှစ်ခုက တကယ်ပဲလိုအပ်ရဲ့လား? Selfie camera မပါတာ တကယ်ပဲ လူကြိုက်များပါ့မလား? မေးခွန်းတွေ ဘယ်လိုပဲဖြစ်ဖြစ် Nubia X ကတော့ သူ့စတိုင်နဲ့ သူပါပဲ။

မျက်နှာပြင်အချိုးကို ကြည့်လိုက်တော့ 93.6% Screen-to-body လို့ဆိုပါတယ်။ အဓိကမျက်နှာပြင်က 19:9 အချိုးနဲ့ 6.26-inch LCD ပါ။ Resolution က FHD+ (1080 x 2280 pixels) ဖြစ်ပါတယ်။ နောက်ကျောဘက်မှာလည်း 5.1-inch OLED မျက်နှာပြင်တစ်ခု တပ်ဆင်ပေးထားပါတယ်။ ဒါကြောင့် Nubia X က မျက်နှာပြင်နှစ်ခုဖြစ်နေတာပါ။ ကျောဘက်ကလည်း 19:9 အချိုးဖြစ်ပေမယ့် HD+ (720 x 1520) resolution ဖြစ်တာကြောင့် အရှေ့မျက်နှာပြင်ထက် နိမ့်ပါတယ်။

Screen နှစ်ခုပါတာက ဘယ်နေရာမှာ အသုံးတည့်လဲဆိုတော့ Selfie ရိုက်တဲ့အချိန်မှာတော့ သေချာပေါက် အသုံးတည့်သွားပါတယ်။ အနောက်ကင်မရာနဲ့ပဲ Selfie ရိုက်၊ အနောက်ဘက် မျက်နှာပြင်မှာပဲ ပြန်ကြည့်လို့ရပါတယ်။ ဒီတော့ သီးသန့် Selfie camera မလိုတော့တဲ့ သဘောသက်ရောက်သွားပါတယ်။ ဒါတင်မကသေးပါဘူး ကျောဘက် မျက်နှာပြင်ကို Primary Display အဖြစ်ထားပြီး အသုံးပြုနိုင်အောင်လည်း ထောက်ပံ့ပေးထားပါသေးတယ်။ ဒါပေမယ့် Resolution ကြောင့် အရှေ့ဘက်မျက်နှာပြင်ကပဲ ပိုပြီး သုံးလို့ကောင်းမှာပါ။

ကျောဘက်မှာ Dual Camera တပ်ဆင်ပေးထားပါတယ်။ တစ်လုံးကတော့ 16MP f/1.8 နဲ့ဖြစ်ပြီး နောက်တစ်လုံးကတော့ 24MP f/1.7 ဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။ AI scene recognition feature ရယ် PDAF phase detection autofocus စတာတွေလည်း ထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။ ဘက်ထရီပိုင်းကတော့ 3,800 mAh ပါ။ Qualcomm Snapdragon 845 Chipset ကို အသုံးပြုထားပါတယ်။

မျက်နှာပြင်နှစ်ဖက်လုံးမှာ Fingerprint Scanner တွေ ရှိနေတာကြောင့် ဘယ်ဘက်ကနေပဲဖွင့်ဖွင့် ရပါတယ်။ Fast Charging စနစ်ပါဝင်ပြီး အပူတွေကို ဖြန့်ပေးမယ့် Cooling စနစ်လည်း ပါဝင်ပါတယ်။ ဒါပေမယ့် No 3.5mm audio jack ပါ။ Deep Gray, Black Gold နဲ့ Sea Light Blue ဆိုပြီး အရောင်သုံးမျိုးနဲ့ လာပါတယ်။ အသုံးပြုထားပါတယ်။ 6GB RAM/64GB က Standard Version ဖြစ်ပြီး ($473) ဝန်းကျင် ဖြစ်ပါတယ်။ 8GB RAM/256GB Standard ကတော့ ($530) ဝန်းကျင်ပါ။ 8GB RAM/256GB ကိုမှ Deep Gray, Black Gold ဆိုရင်တော့ ($602) ဝန်းကျင်ပါ။ 8GB RAM/256GB ကိုပဲ Sea Light Blue ဆိုရင်တော့ ဈေးပိုပေးရဦးမယ်လို့ သိရပါတယ်။ နိုဝင်ဘာ ၅ ရက်နေ့မှာ စတင်ရောင်းချမယ်လို့လည်း သိရပါတယ်။

Ref: gsmarena