Apple က iPhone 14 Series ကို ၇ ရက်နေ့က ပူပူနွေးနွေး ကြေညာထားပါတယ်။ iPhone 14 နဲ့ 14 Plus မှာ အရွယ်ကြီးမားတဲ့ Notch တွေ ပါလာပြီး iPhone 14 Pro နဲ့ 14 Pro Max မှာ Dynamic Island ဒီဇိုင်းကို ထည့်ထားပါတယ်။

အခုတော့ ZTE က iPhone 14 Pro ရဲ့ Dynamic Island ကို လှောင်ပြောင်ထားတဲ့ ဗီဒီယို ၁ ခုကို မျှဝေလိုက်ပါတယ်။ ZTE က Axon40 Ultra စမတ်ဖုန်းရဲ့ Full-screen မှာ Island, Cut, Hole နဲ့ Notch တွေ မပါပါဘူးလို့ ရေးသားထားပါတယ်။ အဲဒီဖုန်းမှာ အရွယ်ကြီး ဘောင်ပျောက် ဒီဇိုင်းကို သုံးထားပြီး Cutout လုံးဝ မပါပါဘူး။

ZTE trolls the iPhone 14 Pro's new Dynamic Island design

Dynamic Island Cutout ဟာ ကောင်းမွန်ပြီး UI နဲ့ တွဲဖက် အလုပ်လုပ်တဲ့ ဒီဇိုင်းဟာ အလုပ်ဖြစ်ပေမယ့် Android Device တွေမှာ လိုက်အတုခိုးစရာ မလိုဘူးလို့ Smartisan and Hammer Technology ဖန်တီးသူ Luo Yonghao က ပြောပါတယ်။

သူက iPhone 14 နဲ့ 14 Plus မှာ ဒိတ်အောက်နေတဲ့ Notch ပါလာတာဟာ မဖြစ်သင့်ဘူးလို့ သုံးသပ်ပါတယ်။ Developer တွေဟာ Android စမတ်ဖုန်း နယ်ပယ်မှာ Notch တွေကို မသုံးတော့တာ ကြာပြီ ဖြစ်ပြီး မျက်နှာပြင်ဧရိယာမှာ နေရာ အနည်းငယ်ပဲ ယူတဲ့ အရှေ့ ကင်မရာတွေကို ထည့်သွင်းပေးထားပါတယ်။ Luo Yonghao က Android စမတ်ဖုန်း Developer တွေဟာ Apple ရဲ့ နည်းလမ်း အသစ်ကို တုပစရာ မလိုဘူးလို့ ထင်ကြောင်း ပြောပါတယ်။

Ref : gizchina