Unicode
ZTE ကနေ အခု ၂၀၂၀ နှစ်ထဲမှာ Flagship ဖုန်းအသစ်နဲ့အတူ စမတ်ဖုန်းစျေးကွက်ထဲကို ပြန်လည်ဝင်ရောက်လာတော့မယ့်ပုံစံပါပဲ။ ဒီတစ်ကြိမ်မှာ ZTE ကနေ မိတ်ဆက်လာမယ့် စမတ်ဖုန်းကတော့ ZTE Axon 10s Pro 5G လို့ သိရပြီးတော့ Snapdragon 865 Processor ကို အသုံးပြုလာမှာဖြစ်ပါတယ်။
အခုအချိန်မှာ Chinese Telecommunication Equipment Administration ဖြစ်တဲ့ TENAA ကနေ ဒီ ZTE Axon 10s Pro 5G ကို Certified ပြုလုပ်လိုက်ပြီဖြစ်ပါတယ်။ ဒီ TENAA ကနေ ZTE Axon 10s Pro 5G ဖုန်းရဲ့ Details ပိုင်းတွေအပြင် ဓါတ်ပုံတွေကိုပါ တွေ့ရှိလာခဲ့ရတာပါ။
ZTE Axon 10s Pro 5G ဖုန်းဟာ ယခင်တုန်းကထွက်ရှိထားတဲ့ ZTE Axon 10 Pro နဲ့ Design ပိုင်းဆင်တူပြီးတော့ Triple Camera Setup ကို အသုံးပြုလာမှာပါ။ Battery ပိုင်းအနေနဲ့တော့ 3900mAh Battery ပါဝင်လာမှာဖြစ်ပါတယ်။
Specification ပိုင်းတွေအနေနဲ့ကတော့ 6.5″ ရှိတဲ့ 19:9 FullHD+ Resolution OLED Display ၊ 48MP Primary Sensor နဲ့ 20MP + 8MP Sensor တွေပါဝင်တဲ့ Triple Camera Setup ပါဝင်လာမှာပါ။ Performance ပိုင်းမှာတော့ Qualcomm Snapdragon 865 Processor ၊ RAM အနေနဲ့ 6GB၊ 8GB နဲ့ 12GB ပါဝင်မှာဖြစ်ပြီး RAM ရွေးချယ်မှုပေါ်မှုတည်ပြီးတော့ 128GB ၊ 256GB နဲ့ 512GB Storage တွေပါဝင်မှာဖြစ်ပါတယ်။
အခု ZTE Axon 10s Pro 5G ကို မကြာခင်ပြုလုပ်တော့မယ့် CES 2020 သို့မဟုတ် လာမယ့်ဖေဖော်ဝါရီလမှာ ကျင်းပသွားမယ့် MWC 2020 Event တွေမှာ တရားဝင်တွေ့ရဖို့များနေပါတယ်။
Ref – Phone Arena
Zawgyi
ZTE ကေန အခု ၂၀၂၀ ႏွစ္ထဲမွာ Flagship ဖုန္းအသစ္နဲ႔အတူ စမတ္ဖုန္းေစ်းကြက္ထဲကို ျပန္လည္ဝင္ေရာက္လာေတာ့မယ့္ပုံစံပါပဲ။ ဒီတစ္ႀကိမ္မွာ ZTE ကေန မိတ္ဆက္လာမယ့္ စမတ္ဖုန္းကေတာ့ ZTE Axon 10s Pro 5G လို႔ သိရၿပီးေတာ့ Snapdragon 865 Processor ကို အသုံးျပဳလာမွာျဖစ္ပါတယ္။
အခုအခ်ိန္မွာ Chinese Telecommunication Equipment Administration ျဖစ္တဲ့ TENAA ကေန ဒီ ZTE Axon 10s Pro 5G ကို Certified ျပဳလုပ္လိုက္ၿပီျဖစ္ပါတယ္။ ဒီ TENAA ကေန ZTE Axon 10s Pro 5G ဖုန္းရဲ႕ Details ပိုင္းေတြအျပင္ ဓါတ္ပုံေတြကိုပါ ေတြ႕ရွိလာခဲ့ရတာပါ။
ZTE Axon 10s Pro 5G ဖုန္းဟာ ယခင္တုန္းကထြက္ရွိထားတဲ့ ZTE Axon 10 Pro နဲ႔ Design ပိုင္းဆင္တူၿပီးေတာ့ Triple Camera Setup ကို အသုံးျပဳလာမွာပါ။ Battery ပိုင္းအေနနဲ႔ေတာ့ 3900mAh Battery ပါဝင္လာမွာျဖစ္ပါတယ္။
Specification ပိုင္းေတြအေနနဲ႔ကေတာ့ 6.5″ ရွိတဲ့ 19:9 FullHD+ Resolution OLED Display ၊ 48MP Primary Sensor နဲ႔ 20MP + 8MP Sensor ေတြပါဝင္တဲ့ Triple Camera Setup ပါဝင္လာမွာပါ။ Performance ပိုင္းမွာေတာ့ Qualcomm Snapdragon 865 Processor ၊ RAM အေနနဲ႔ 6GB၊ 8GB နဲ႔ 12GB ပါဝင္မွာျဖစ္ၿပီး RAM ေ႐ြးခ်ယ္မႈေပၚမႈတည္ၿပီးေတာ့ 128GB ၊ 256GB နဲ႔ 512GB Storage ေတြပါဝင္မွာျဖစ္ပါတယ္။
အခု ZTE Axon 10s Pro 5G ကို မၾကာခင္ျပဳလုပ္ေတာ့မယ့္ CES 2020 သို႔မဟုတ္ လာမယ့္ေဖေဖာ္ဝါရီလမွာ က်င္းပသြားမယ့္ MWC 2020 Event ေတြမွာ တရားဝင္ေတြ႕ရဖို႔မ်ားေနပါတယ္။
Ref – Phone Arena