Meizu ကနေ အခုအချိန်မှာ မကြာခင်ထွက်ရှိလာမယ့် Meizu 16 စမတ်ဖုန်းကို လောလောဆယ်မှာ အကြီးအကျယ်ကို ကြော်ငြာနေပြီပဲဖြစ်ပါတယ်။ အခုအချိန်မှာလည်း Meizu ရဲ့ CEO ဖြစ်တဲ့ J Wong ကနေ Meizu 16 စမတ်ဖုန်းမှာ ပါဝင်လာမယ့် Feature အသစ်တစ်ခုကို ထပ်ပြီး ပြောကြားလိုက်ပါတယ်။

Meizu ရဲ့ ပြောကြားချက်အရတော့ ပြီးခဲ့တဲ့ Meizu 15 စမတ်ဖုန်းဟာ သာမန် စမ်းသပ်ထားတဲ့ စမတ်ဖုန်းတစ်ခုပဲဖြစ်ပြီးတော့ အခုထွက်လာမယ့် Meizu 16 စမတ်ဖုန်းက သိသိသာသာကို ပိုပြီးကောင်းမွန်လာမှာဖြစ်တယ်လို့ သိရပါတယ်။

အခု Meizu 16 Plus စမတ်ဖုန်းဟာ Qualcomm ရဲ့ အကောင်းဆုံး Snapdragon 845 Processor ကို အသုံးပြုလာမှာဖြစ်ပြီးတော့ သာမန် Meizu 16 ဖုန်းကတော့ Snapdragon 710 Processor ကိုပဲ အသုံးပြုထားမှာဖြစ်တယ်လို့ သိရပါတယ်။

အခု Meizu 16 စမတ်ဖုန်းရဲ့ အားသာချက်ဖြစ်လာမယ့်အချက်ကတော့ Qualcomm Snapdragon 845 ဖုန်းကို Heat မတက်စေဖို့အတွက် Vapor Chamber Cooling စနစ်ကို အသုံးပြုလာမယ်လို့ သိရပါတယ်။ ဒါ့အပြင် Meizu 16 စမတ်ဖုန်းက Under-Display Fingerprint ပါဝင်မှာဖြစ်တဲ့အတွက် အလန်းစားဖုန်းတစ်ခုဖြစ်လာမှာကတော့ အသေအချာပါပဲ။