Samsung Myanmar အနေနဲ့ ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့ က အဆုံးအစမဲ့ ၆.၃ လက်မ အရွယ်အစားရှိ Super AMOLED Dispay အသုံးပြုထားပြီး Dual Camera ပါဝင်တဲ့ Galaxy A8 Star စမတ်ဖုန်း မော်ဒယ်အသစ် ကို မြန်မာနိုင်ငံမှာ စတင်ဝယ်ယူနိုင်ပြီ ဖြစ်ကြောင်း တရားဝင် ကြေငြာပေးခဲ့ပါတယ်။


Samsung Galaxy A8 Star စမတ်ဖုန်း ကို ပါးလွှာသေသပ်သော ဒီဇိုင်း၊ အချိုးကျသော ဘေးဘောင်များ နဲ့ ဖန်တီး ပြုလုပ်ထားတာကြောင့် လက်အတွင်းမှ ပြုတ်ကျခြင်း မရှိပဲ မြဲမြံစွာ ကိုင်တွယ်ထားနိုင်မှာ ဖြစ်ပါတယ်။ Samsung A8 Star ကို ပါးလွှားပြီး သေသပ်ကျော့ရှင်းတဲ့ ဒီဇိုင်းနဲ့ ဖန်တီး ပြုလုပ်ထားတာ ဖြစ်တာကြောင့် Samsung ချစ်ပရိသတ်တွေ အနေနဲ့ မိမိတို့ရဲ့ နေ့စဉ်လူနေမှုဘဝကို Samsung စမတ်ဖုန်းလေးနဲ့အတူ စတိုင်ကျကျ ဖြတ်သန်းနိုင်မှာ ဖြစ်ပါတယ်။


Samsung Galaxy A8 Star မှာ ၆.၃ လက်မ အရွယ်အစားရှိပြီး Full HD+ (1080 x 2220) Resolution ကို အထောက်အပံ့ ပေးနိုင်တဲ့ Super AMOLED Infinity Display ကို အသုံးပြုပေးထားပါတယ်။ 18.5:9 Aspect Ratio ကို အသုံးပြုထားတာကြောင့် အသုံးပြုသူများ အနေနဲ့ မိမိတို့ ကြည့်ရှုလိုတဲ့ ရှုပ်ရှင်၊ဗွီဒီယိုများကို အနှောင့်အယှက်ကင်းကင်း အဆင်ပြေ ချောမွေ့စွာ ကြည့်ရှုခံစားနိုင်မှာ ဖြစ်ပါတယ်။


Processor ပိုင်းအတွက်ကိုတော့ Qualcomm ရဲ့ Snapdragon 660 Octa-Core (Quad 2.2GHz Kyro 260 + Quad 1.8GHz Kyro 260) SoC ကို အသုံးပြုထားပါတယ်။ RAM အနေနဲ့ 4GB၊ Internal Storage 64GB ပါဝင်မှာ ဖြစ်ပြီး Storage Space မလုံလောက်ဘူးဆိုရင်လည်း microSD Card Slot ကနေ တစ်ဆင့် 256GB အထိ ထပ်မံ မြှင့်တင်နိုင်မှာ ဖြစ်ပါတယ်။ Galaxy A8 Star မှာ Dual SIM အသုံးပြုနိုင်မှာ ဖြစ်ပေမယ့် microSD Card အသုံးပြုမယ် ဆိုရင်တော့ SIM 2 အသုံးပြုလို့ရမှာ မဟုတ်ပါဘူး။


Rear Camera အတွက် 16MP f/1.7 + 24 MP f/1.7 Dual Camera Setup နဲ့ အတူ LED Flash ကို တွဲဖက် အသုံးပြုပေးထားပါတယ်။ Geo-Tagging, Touc Focus, Face Detection, Panorama, HDR စတဲ့ Features တွေ ပါဝင်တဲ့အပြင် Samsung Galaxy A8 Star ရဲ့ Rear Camera Sensor တွေမှာ Noise Reduction စနစ် ပါဝင်တာကြောင့် အလင်းရောင် အားနည်းတဲ့ ပတ်ဝန်းကျင်မှာ ဓါတ်ပုံ ရိုက်ကူးမယ် ဆိုရင်တောင် ကြည်လင် ပြတ်သားတဲ့ ပုံရိပ်လေးတွေ ကို ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။


Selfie ပိုင်း အတွက်ကိုတော့ 24 MP f/2.0 ကင်မရာ ကို အသုံးပြုထားပါတယ်။ ဒါ့အပြင် AR Sticker, Smart Beauty, Pro Lighting စတဲ့ AI Beauty Features တွေ ပါဝင်တာကြောင့် မိမိ စိတ်တိုင်းကျ လှပတဲ့ Selfie ပုံရိပ်များကို ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် Samsung Galaxy A8 Star ရဲ့ Rear Camera ကို အသုံးပြုပြီး 2160p ဗွီဒီယိုတွေ ကို 30 FPS နဲ့ ရိုက်ကူးနိုင်မှာ ဖြစ်ပြီး Selfie ကင်မရာ နဲ့ အတူ 1080p ဗွီဒီယိုတွေ ကို 30 FPS နဲ့ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။


Galaxy A8 Star မှာ 3700 mAh ဘက်ထရီ ကို အသုံးပြုထားပြီး Fast Charging စနစ် ပါဝင်တာကြောင့် အချိန်တို အတွင်းမှာ လုံလောက်တဲ့ ဘက်ထရီ ပမာဏကို ဖြည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။ Fingerprint Sensor ကို ဖုန်းရဲ့ ကျောဘက်မှာ မြင်တွေ့ရမှာ ဖြစ်ပြီး Face Recognition စနစ်လည်း Samsung Galaxy A8 Star မှာ ပါဝင်မှာ ဖြစ်ပါတယ်။

Connectivity Options တွေ အနေနဲ့ 4G VoLTE၊ Wi-Fi 802.11 ac၊ Bluetooth 5 LE၊ GPS စတဲ့ Features တွေ ပါဝင်ပါတယ်။ Samsung Galaxy A8 Star ဟာ ၁၈၈ ဂရမ် အလေးချိန် ရှိမှာဖြစ်ပြီး 162.4 x 77. 7.5 mm အရွယ်အစား ရှိမှာဖြစ်ပါတယ်။


Samsung Galaxy A8 Star ကို ဇူလိုင်လ ၁၀ ရက်နေ့မှ စပတင်ပြီး ၇သိန်း ၈သောင်း ၉ထောင် ကျပ်ဖြင့် အဖြူရောင်၊ အနက်ရောက် အရောင်နှစ်မျိုး အနေနဲ့ ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Samsung Myanmar နဲ့ Telenor Myanmar တို့ ပူးပေါင်းပြီး စမတ်ဖုန်း သုံးစွဲသူတွေ ပိုမိုကောင်းမွန်တဲ့ အင်တာနက် သုံးစွဲရမှု အတွေ့အကြုံတွေ ရရှိစေလိုတဲ့ စေတနာဖြင့် A8 Star စမတ်ဖုန်းတွေ ကို ဝယ်ယူသူတိုင်း အနေနဲ့ လစဉ် ၃၀၀၀၊ ၅၀၀၀၊ ၁၀၀၀၀ ကျပ် ငွေဖြည့်ယုံနဲ့ လတိုင်း အင်တာနက် ၅၀၀ မဂ္ဂါဘိုက်ကနေ ၂ ဂစ်ဂါဘိုက် အထိကို တစ်နှစ်တိတိ ရရှိမှာ ဖြစ်ပါတယ်။

Photo Credit: Samsung Myanmar, GSM Arena