ChatGPT ကို ဖန်တီးထားတဲ့ OpenAI က DeepSeek အပါအဝင် တရုတ် AI ကုမ္ပဏီတွေဟာ Model တွေကို လျှင်လျှင်မြန်မြန် ဖန်တီးဖို့အတွက် သူ့ရဲ့ ဒေတာတွေကို တရားမဝင် ယူသုံးနေတယ်လို့ စွပ်စွဲလိုက်ပါတယ်။

OpenAI says it has evidence China's DeepSeek used its model to train competitor

ဒီတစ်ပတ်ထဲမှာ OpenAI ရဲ့ AI နယ်ပယ်မှာ ကြီးစိုးနေမှုကို DeepSeek က စိန်ခေါ်ခဲ့ပါတယ်။ DeepSeek ဟာ ကုန်ကျစားရိတ်သက်သာစွာနဲ့ ဖန်တီးထားပြီး ChatGPT ရဲ့ စွမ်းရည်ကို ယှဉ်ပြိုင်နိုင်ပါတယ်။

DeepSeek vs OpenAI: How China's AI giant is outpacing ChatGPT? - The Economic Times

OpenAI ရဲ့ အဓိက ရင်းနှီးမြှုပ်နှံသူ Microsoft က အခုဆိုရင် OpenAI ရဲ့ ဒေတာတွေကို ခွင့်ပြုချက် မရှိဘဲ အသုံးပြုနေတဲ့ ကုမ္ပဏီတွေကို စုံစမ်းစစ်ဆေးနေပါတယ်။

အမေရိကန် အစိုးရဟာ AI နယ်ပယ်မှာ အမေရိကန် ကုမ္ပဏီတွေကို ကာကွယ်ဖို့အတွက် တရုတ်ကို အဆင့်မြင့် Chip တွေ ရောင်းချမှုကို ပိတ်ပင်ကန့်သတ်နေပါတယ်။ ထရမ့် အစိုးရဟာ အမေရိကန် AI ကုမ္ပဏီတွေရဲ့ ဒေတာတွေကို ခိုးယူမှုကို ကာကွယ်ဖို့ ကြိုးစားနေပါတယ်။

လက်ရှိမှာတော့ DeepSeek ဟာ ဆိုက်ဘာ တိုက်ခိုက်မှုတွေ ခံနေရပြီး သုံးစွဲသူ အသစ်တွေကို ကန့်သတ်ထားပါတယ်။

Ref: Tech Explorers