၂၀၂၀ ခုနှစ် Fortune Global 500 စာရင်းထွက်ပေါ်ခဲ့ပြီး ယင်းစာရင်းတွင် Huawei က အဆင့် ၄၉ ရရှိခဲ့ပြီး ထိပ်ဆုံး ကုမ္ပဏီ ၅၀ စာရင်းအတွင်း ဝင်ရောက်သည်မှာ ယခုနှစ်တွင် ပထမဦးဆုံး အကြိမ် ဖြစ်သည်။
“Huawei ၏ အသားတင်အမြတ်သည် ၂၀၁၉တွင် ၅.၆% တိုးတက်ခဲ့သည်။ ကုမ္ပဏီသည် ပထဝီနိုင်ငံရေးအရ ရှုပ်ထွေးသည့်ကိစ္စရပ်များနှင့် စဉ်ဆက်မပြတ် ကြုံနေရသော်လည်း ယင်း၏ ဝင်ငွေသည် ၂၀၂၀ ခုနှစ် ပထမ နှစ်ဝက်တွင် ယခင်နှစ် ကာလတူထက် ၁၃.၁ % ပိုမို တိုးတက်လာခဲ့သည်” ဟု Fortune အစီရင်ခံစာက ဖော်ပြထားသည်။
Fortune 500 စာရင်းက ကုမ္ပဏီများကို ဝင်ငွေနှင့် အမြတ်အစွန်းများအလိုက် အဆင့်သတ်မှတ် ဖော်ပြပေးသည်။ ယင်းသို့ သတ်မှတ်ရာတွင် ကုမ္ပဏီများ၏ အရွယ်အစားများကိုလည်း အခြားစာရင်းများထက် ပိုမို အလေးပေး တွက်ချက်သည်။ Fortune 500 စာရင်းသတ်မှတ်ချက်တွင် ကုမ္ပဏီများ၏ ပင်ကိုယ်စွမ်းအားများ၊ အရွယ်အစားနှင့် နိုင်ငံတကာ ယှဉ်ပြိုင်နိုင်စွမ်း၊ ကမ္ဘာ့စီးပွားရေးအတွင်း နိုင်ငံနယ်နိမိတ်များနှင့် လူမျိုးကွဲပြားမှုများ၊ ယဉ်ကျေးမှုဆိုင်ရာကွာခြားချက်များကို ဖြတ်ကျော်ထိုးဖောက်နိုင်စွမ်း စသည်တို့သည် နာမည်ကျော်ကြားသည့် ကုမ္ပဏီ အချင်းချင်း ယှဉ်ပြိုင်ကြရာတွင် တိုင်းတာရန် စံနှုန်းတစ်ရပ်ဖြစ်လာသည်။
ယခုနှစ်အစောပိုင်းတွင် Huawei သည် Boston Consulting Group ၏ ၂၀၂၀ ခုနှစ် ဆန်းသစ်တီထွင်မှု အရှိဆုံး ကုမ္ပဏီ ၅၀ စာရင်းတွင် ယခင်နှစ်ကထက် ၄၂ ဆင့် တိုးတက်လာပြီး အဆင့် ၆ ရရှိခဲ့သည်။ ယင်းမှာ အဆိုပါ စာရင်းသို့ Huawei စတင်ဝင်ရောက်ခဲ့ချိန် ၂၀၁၂ ခုနှစ်မှ ယခုအထိ အမြင့်ဆုံး ရရှိခဲ့သည့် အဆင့်လည်း ဖြစ်သည်။
COVID-19 ကို ကမ္ဘာအနှံ့တွင် ဆန့်ကျင်တိုက်ဖျက်မှုများ ပြုလုပ်နေချိန်အတွင်း Huawei က ယင်း၏ ဆန်းသစ်တီထွင်မှုဆိုင်ရာ အားထုတ်မှုများကို တဟုန်ထိုး မြှင့်တင်ခဲ့ပြီး COVID-19 ဆန့်ကျင်ရေး မိတ်ဖက်အစီအစဉ်ကို မိတ်ဆက်ခဲ့သည်။ ကပ်ရောဂါ တိုက်ဖျက်ရေးအတွက် ပံ့ပိုးကူညီနိုင်ရန် ယင်းအစီအစဉ်မှ တဆင့် AI ၊ အဝေးရောက် ရုံးခန်းစနစ်၊ စမတ် ကျန်းမာရေးစောင့်ရှောက်မှုများနှင့် အွန်လိုင်းပညာရေးစနစ်များကို ပံ့ပိုးခဲ့သည်။
“ရှုပ်ထွေးနေသည့် ပြင်ပပတ်ဝန်းကျင် အခြေအနေများကြောင့် ကမ္ဘာအနှံ့ လုပ်ငန်းဆိုင်ရာ တန်ဖိုးကွင်းဆက်များတွင် ပွင့်လင်းကြိုဆိုသည့် ပူးပေါင်းမှုများ၊ ယုံကြည်အားထားနိုင်မှုများမှာ ယခင်ထက် ပိုမို အရေးကြီးလာခဲ့သည်။ Huawei က ယင်း၏ သုံးစွဲသူများနှင့် ပစ္စည်းကိရိယာပံ့ပိုးသူများအပေါ် ဖြည့်ဆည်းပေးရမည့် တာဝန်ဝတ္တရားများကို ဆက်လက်ထမ်းဆောင်သွားရန်၊ ကုမ္ပဏီအနေဖြင့် မည်သည့် စိန်ခေါ်မှုမျိုး ကြုံတွေ့စေကာမူ ကျော်ဖြတ်၍ ရှေ့သို့ ဆက်လက်ချီတက်ရင်း ကမ္ဘာ့စီးပွားရေးနှင့် နည်းပညာတိုးတက်မှုအတွက် အထောက်အကူပြုသွားရန်အတွက် ကတိကဝတ်ပြုထားသည်” ဟု ဇူလိုင်လအတွင်း ၂၀၂၀ ခုနှစ် လုပ်ငန်းရလဒ်များကို ထုတ်ပြန်ကြေညာရာတွင် Huawei က ဖော်ပြပြောဆိုခဲ့သည်။
Source – HUAWEI