[Zawgyi]

ျပင္သစ္ဘေလာ့တစ္ခုကေန ထြက္ေပၚလာတဲ့ ႐ုပ္ပုံအခ်ိဳ႕ဟာ Apple ရဲ႕ နာမည္ေက်ာ္ MacBook Pro နဲ႔ပတ္သက္ၿပီး စိတ္ဝင္စားစရာေတြကို ေဖာ္ျပေနပါတယ္။ အဲဒါကေတာ့ 16-inch MacBook Pro ရဲ႕ Render ပုံရိပ္ေတြပဲ ျဖစ္ပါတယ္။

႐ုပ္ပံုေတြကို macOS Catalina beta builds ထဲမွာ ဖိုင္နာမည္ေတြအျဖစ္ “macbookpro-16-silver” နဲ႔ “macbook-pro-gray” ဆိုၿပီး ေရးသားထားတာကို ေတြ႕ရတာျဖစ္ၿပီး  16-silver ကေတာ့ မ်က္ႏွာျပင္ပတ္လည္မွာ ေသးငယ္တဲ့ Bezel ေတြနဲ႔ျဖစ္ပါတယ္။ ဒီနာမည္ေတြနဲ႔ ႐ုပ္ပုံေတြကိုေပါင္းစပ္ ေကာက္ခ်က္ခ်တဲ့အခါ Apple ရဲ႕ High-end laptop အမ်ိဳးအစားကိုပဲ လက္ညႇိဳးထိုးျပရေတာ့မွာ ျဖစ္ပါတယ္။

Apple ဟာ 16-inch MacBook Pro ထုတ္လာလိမ့္မယ္ဆိုတဲ့အေၾကာင္းကို Apple သတင္းေတြကို အစဥ္တစိုက္ ေလ့လာေစာင့္ၾကည့္သူ Ming-Chi Kuo က ေျပာခဲ့ဖူးပါတယ္။ အခုေတာ့ သူ႔ရဲ႕ေရးသားေျပာဆိုခ်က္ကို သက္ေသျပႏိုင္မယ့္ ႐ုပ္ပုံေတြထြက္ေပၚလာတယ္လို႔ပဲ ဆိုရမွာပါ။

လက္ရွိပ်ံ႕ႏွံ႔ေနတဲ့ ေကာလာဟလအရ 16-inch MacBook Pro ဟာ 3,072 x 1920 Pixel resolution မ်က္ႏွာျပင္ျဖစ္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ Intel ရဲ႕ 9th Gen Coffee Lake processor ကို အသုံးျပဳထားမယ္လို႔လည္း သတင္းထြက္ထားတာပါ။ ႀကီးႀကီးမားမား ေျပာင္းလဲသြားႏိုင္တာက မ်က္ႏွာျပင္ရဲ႕ ေထာင့္ျဖတ္အ႐ြယ္အစားပဲ ျဖစ္ႏိုင္ပါလိမ့္မယ္။

16-inch MacBook Pro ဟာ အရင္ထြက္ၿပီးသား 15-inch MacBook Pro နဲ႔ ႏႈိင္းယွဥ္ရင္ အ႐ြယ္အစား သိပ္ၿပီး ကြာဟဖြယ္မရွိဘူးလို႔ ဆိုႏိုင္ပါတယ္။ ေသးငယ္က်ဥ္းေျမာင္းတဲ့ Bezel ေတြေၾကာင့္ မ်က္ႏွာျပင္အ႐ြယ္အစား ပိုႀကီးသြားတာလို႔ပဲ ဆိုရေတာ့မွာပါ။ ေနာက္ထပ္ေျပာင္းလဲမႈတစ္ခုက Mini-LED မ်က္ႏွာျပင္ အသုံးျပဳထားမွာပဲ ျဖစ္ပါတယ္။

Ref: GSM Arena

[Unicode]

16-inch MacBook Pro ရဲ့ ရုပ်ပုံအချို့ ထွက်ပေါ်လာ

ပြင်သစ်ဘလော့တစ်ခုကနေ ထွက်ပေါ်လာတဲ့ ရုပ်ပုံအချို့ဟာ Apple ရဲ့ နာမည်ကျော် MacBook Pro နဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာတွေကို ဖော်ပြနေပါတယ်။ အဲဒါကတော့ 16-inch MacBook Pro ရဲ့ Render ပုံရိပ်တွေပဲ ဖြစ်ပါတယ်။

ရုပ်ပုံတွေကို macOS Catalina beta builds ထဲမှာ ဖိုင်နာမည်တွေအဖြစ် “macbookpro-16-silver” နဲ့ “macbook-pro-gray” ဆိုပြီး ရေးသားထားတာကို တွေ့ရတာဖြစ်ပြီး  16-silver ကတော့ မျက်နှာပြင်ပတ်လည်မှာ သေးငယ်တဲ့ Bezel တွေနဲ့ဖြစ်ပါတယ်။ ဒီနာမည်တွေနဲ့ ရုပ်ပုံတွေကိုပေါင်းစပ် ကောက်ချက်ချတဲ့အခါ Apple ရဲ့ High-end laptop အမျိုးအစားကိုပဲ လက်ညှိုးထိုးပြရတော့မှာ ဖြစ်ပါတယ်။

Apple ဟာ 16-inch MacBook Pro ထုတ်လာလိမ့်မယ်ဆိုတဲ့အကြောင်းကို Apple သတင်းတွေကို အစဉ်တစိုက် လေ့လာစောင့်ကြည့်သူ Ming-Chi Kuo က ပြောခဲ့ဖူးပါတယ်။ အခုတော့ သူ့ရဲ့ရေးသားပြောဆိုချက်ကို သက်သေပြနိုင်မယ့် ရုပ်ပုံတွေထွက်ပေါ်လာတယ်လို့ပဲ ဆိုရမှာပါ။

လက်ရှိပျံ့နှံ့နေတဲ့ ကောလာဟလအရ 16-inch MacBook Pro ဟာ 3,072 x 1920 Pixel resolution မျက်နှာပြင်ဖြစ်မယ်လို့ မျှော်လင့်ရပါတယ်။ Intel ရဲ့ 9th Gen Coffee Lake processor ကို အသုံးပြုထားမယ်လို့လည်း သတင်းထွက်ထားတာပါ။ ကြီးကြီးမားမား ပြောင်းလဲသွားနိုင်တာက မျက်နှာပြင်ရဲ့ ထောင့်ဖြတ်အရွယ်အစားပဲ ဖြစ်နိုင်ပါလိမ့်မယ်။

16-inch MacBook Pro ဟာ အရင်ထွက်ပြီးသား 15-inch MacBook Pro နဲ့ နှိုင်းယှဉ်ရင် အရွယ်အစား သိပ်ပြီး ကွာဟဖွယ်မရှိဘူးလို့ ဆိုနိုင်ပါတယ်။ သေးငယ်ကျဉ်းမြောင်းတဲ့ Bezel တွေကြောင့် မျက်နှာပြင်အရွယ်အစား ပိုကြီးသွားတာလို့ပဲ ဆိုရတော့မှာပါ။ နောက်ထပ်ပြောင်းလဲမှုတစ်ခုက Mini-LED မျက်နှာပြင် အသုံးပြုထားမှာပဲ ဖြစ်ပါတယ်။

Ref: GSM Aren