၂၀၂၀ နှစ်စကနေ အခုထိ စမတ်ဖုန်းမော်ဒယ်သစ် ၂၀ ဝန်းကျင်ထုတ်လုပ်ပြီးပြီဖြစ်တဲ့ Honor အတွက် အခုနှစ်ဟာ အားကောင်းကောင်းနဲ့ မောင်းနှင်နေတဲ့ ကာလတစ်ခုဖြစ်ပါတယ်။ အခုထိလည်း ရပ်တန့်သွားမယ့်ပုံမရှိသေးဘဲ MXW-AN00 အမှတ်နဲ့ Honor ဖုန်းတစ်လုံးကို TENAA မှာ ထပ်တွေ့ရကာ Honor 30 Lite လို့ ခန့်မှန်းနေကြပါတယ်။

Honor 30 Lite အနေနဲ့ အစောပိုင်းမှာ TENAA ပေါ်ကို AQM-AL10 မော်ဒယ်နံပါတ်နဲ့ ရောက်လာခဲ့ဖူးပြီး ယခု MXW-AN00 ရဲ့ ပုံတွေဟာ သူနဲ့အတော်လေးတူနေပြီး မကြာခင်ထွက်မယ်လို့ သတင်းထွက်ထားတဲ့ Leak ဓါတ်ပုံတွေနဲ့လည်း ကိုက်ညီနေပါတယ်။

MXW-AN00 နဲ့ AQM-AL10 တို့ဟာ Specs တွေလည်း ကိုက်ညီနေပြီး Dimensity 800 ချစ်ပ်ဆက်၊ 6.5” Display နဲ့ 90Hz Refresh Rate ၊ 4,000 mAh ဘက္ထရီနဲ့ 22W အားသွင်းစနစ်အပြင် 48MP + 8MP + 2MP ကင်မရာအတွဲတို့ပါ တူညီနေတာပါ။ ဒီဖုန်းနှစ်လုံးကြားက ဆက်နွယ်မှုကိုတော့ မသိရသေးပေမယ့် Huawei နဲ့ Honor ထုတ်ကုန်သစ်တွေကြားမှာ တူညီမှုတွေရှိတတ်တာကတော့ မထူးဆန်းတော့ပါဘူး။

နောက်ထပ် TENAA ပေါ်ရောက်လာတဲ့ စမတ်ဖုန်းကတော့ ASK-AL20 အမှတ်တံဆိပ်ဖြစ်ပြီး 6.38” IPS Display, 2GHz Octa-core Chipset, 4/64 သို့မဟုတ် 6/128 GB မန်မိုရီအတွဲတို့ ပါဝင်ပါတယ်။ ဘက္ထရီက 3,900 mAh ဖြစ်ပြီး နောက်ဘက်မှာ 48MP + 8MP + 2MP Triple-cam ကိုပဲ ထပ်တွေ့ရမှာပါ။ သူ့ရဲ့အချက်အလက်တွေ့တော့ Honor 9C နဲ့ ကိုက်ညီနေသလို ဒီဇိုင်းပိုင်းမှာလည်း ဆင်တူနေပါတယ်။

Weibo ပေါ်က Leak တစ်ခုမှာတော့ Honor ဟာ ၂၀၂၀ ခုနှစ် ဒုတိယနှစ်ဝက်မှာ V40 ဟန်းဆက်တစ်လုံးကို မိတ်ဆက်လာဦးမယ်လို့ ဆိုထားပြီး အသစ်စက်စက် စမတ်ဖုန်းထုတ်ကုန်လိုင်းတွေဖြစ်တဲ့ Honor I နဲ့ Honor C စီးရီးတွေကိုပါ မြင်ရနိုင်တယ်လို့ ဆိုထားပါတယ်။

Ref – GSMArena