အသက် ၂၂ နှစ်အရွယ် YouTuber တစ်ဦးဖြစ်တဲ့ Adavia Davis ဟာ AI နည်းပညာကို အသုံးပြုပြီး တစ်နေ့ကို ၂ နာရီလောက်သာ အလုပ်လုပ်ရုံနဲ့ တစ်နှစ်ကို ဒေါ်လာ ၇ သိန်းကျော် ဝင်ငွေရရှိနေပါတယ်။ သူဟာ သူဖန်တီးလိုက်တဲ့ ဗီဒီယိုတွေကနေတစ်ဆင့် ဒီလောက်များပြားတဲ့ ဝင်ငွေပမာဏကို ရှာဖွေနိုင်ခဲ့တာ ဖြစ်ပြီး ဒီအဖြစ်အပျက်က လူအများအပြားကို အံ့အားသင့်စေခဲ့ပါတယ်။

22-year-old makes $700,000 a year working two hours a day thanks to AI

၂၀၂၅ ခုနှစ်မှာ လူသုံးအများဆုံး စကားလုံးတွေထဲက တစ်ခုကတော့ “AI slop” ဖြစ်ပြီး ဒါက အင်တာနက်ပေါ်မှာ AI နဲ့ ဖန်တီးထားတဲ့ စာတွေ၊ ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေ လွှမ်းမိုးလာတာကို ပြသနေပါတယ်။ ဒီလို အခြေအနေတွေကြောင့် လူတွေက အင်တာနက်ပေါ်မှာ လူသားတွေထက် bot တွေက ပိုမိုလွှမ်းမိုးလာပြီဆိုတဲ့ “dead internet theory” ဟာ တကယ်ဖြစ်လာပြီလားလို့ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

22-year-old makes $700,000 a year working two hours a day thanks to AI

Fortune မဂ္ဂဇင်းရဲ့ ဖော်ပြချက်အရ Mississippi State University မှာ တက်ရောက်နေစဉ် အပျော်တမ်း YouTube လုပ်ရာကနေ ကျောင်းထွက်ပြီး ဒီလုပ်ငန်းကို လုပ်ကိုင်ခဲ့တဲ့ Adavia Davis ဟာ AI နည်းပညာတိုးတက်မှုကို အခွင့်ကောင်းယူနိုင်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။ ပြိုင်ဘက်တွေက သူ့ထက်ပိုပြီး ဗီဒီယိုတွေ တင်ဆက်နိုင်တာကို တွေ့ရှိပြီးနောက်မှာ သူဟာ ဇာတ်ညွှန်းရေးသူတွေကို စောင့်ဆိုင်းနေရတာမျိုး မလုပ်တော့ဘဲ AI ဘက်ကို ကူးပြောင်းခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ သူဟာ YouTube channel ၅ ခုကို အဓိကထား လုပ်ကိုင်နေပြီး Minecraft ၊ တိရစ္ဆာန် ဗီဒီယိုတွေ၊ နောက်ပြောင်မှုတွေနဲ့ အခြား အကြောင်းအရာတွေကို တင်ဆက်နေပါတယ်။ သူ့ရဲ့ လူကြည့်အများဆုံး Channel ကတော့ “Boring History” ဖြစ်ပြီး David Attenborough လိုမျိုး အသံထွက်နဲ့ လူတွေကို အိပ်ပျော်စေဖို့ ရည်ရွယ်ဖန်တီးထားတဲ့ သမိုင်းကြောင်းဆိုင်ရာ ဗီဒီယိုတွေ ဖြစ်ပါတယ်။

ဒီလုပ်ငန်းစဉ်တစ်ခုလုံးနီးပါးကို အလိုအလျောက် စနစ်နဲ့ လုပ်ဆောင်နေတာဖြစ်ပြီး သူကတော့ တစ်နေ့ကို ၂ နာရီလောက်သာ အချိန်ပေးရပါတယ်။ TubeGen ၊ Claude နဲ့ ElevenLabs လိုမျိုး AI နည်းပညာတွေကို အသုံးပြုပြီး ဗီဒီယိုတစ်ပုဒ်ကို ဒေါ်လာ ၆၀ လောက်သာ ကုန်ကျစရိတ်ရှိပေမယ့် လစဉ် ဒေါ်လာ ၄၀,၀၀၀ ကနေ ၆၀,၀၀၀ ကြား ဝင်ငွေရရှိနေတာ ဖြစ်ပါတယ်။

Ref : Uniladtech