Xiaomi ရဲ့ Poco က အိန္ဒိယမှာ ဩဂုတ်လက Snapdragon 4 Gen 2 SoC, 90Hz LCD Screen , 50MP Dual ကင်မရာနဲ့ 5,000mAh Battery ပါတဲ့ Poco M6 Pro 5G ကို ကြေညာခဲ့ပါတယ်။ အခုတော့ နိုင်ငံတကာမှာ ရောင်းချမယ့် 4G Version ကို ချပြလိုက်ပါတယ်။

International Poco M6 Pro arrives with Helio G99-Ultra, 64MP camera, and 120Hz screen

Poco M6 Pro 4G မှာ Helio G99 Ultra SoC ပါတဲ့အတွက် 4G ကိုပဲ ထောက်ပံ့ပါတယ်။ Android 13 အခြေပြု MIUI 14 မောင်းနှင်ထားပြီး နောက်ပိုင်းမှာ HyperOS ရမှာပါ။

12GB RAM နဲ့ 512GB Storage အထိ ထည့်သွင်းထားပြီး microSD Card စိုက်နိုင်ပါတယ်။ 6.67” 120Hz FullHD+ AMOLED မျက်နှာပြင်ကို Gorilla Glass 5 နဲ့ ကာကွယ်ထားပါတယ်။ မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ ပါလာပြီး Punch Hole မှာ 16MP ကင်မရာ တပ်ဆင်ထားပါတယ်။

International Poco M6 Pro arrives with Helio G99-Ultra, 64MP camera, and 120Hz screen

အနောက်ဘက်မှာ 64MP Main , 8MP Ultrawide နဲ့ 2MP Macro ကင်မရာ ၃ လုံး ပါလာပြီး Main ကင်မရာမှာ OIS ထောက်ပံ့ထားပါတယ်။ 67W Charging ထောက်ပံ့တဲ့ 5,000mAh Battery က ၄၄ မိနစ်အတွင်း ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။ USB-C ၊ IP54 Rating ၊ စပီကာ ၂ လုံး၊ နားကြပ်ပေါက်၊ IR Blaster နဲ့ NFC ပါပါတယ်။

International Poco M6 Pro arrives with Helio G99-Ultra, 64MP camera, and 120Hz screen

Poco M6 Pro အတွက် Black , Blue နဲ့ Purple အရောင်တွေ ထုတ်လုပ်ထားပြီး 8/256GB နဲ့ 12/512GB ကို ၁၉၉ ဒေါ်လာနဲ့ ၂၄၉ ဒေါ်လာ အသီးသီး သတ်မှတ်ထားပါတယ်။

Ref : gsmarena