University College London မှ သုတေသနပညာရှင်တွေက ကြိုးမဲ့ ဒေတာ ပေးပို့တဲ့ အမြန်နှုန်း အသစ်ကို အောင်မြင်စွာ စမ်းသပ်လိုက်ပြီး 938 gigabits per second (Gbps) အမြန်နှုန်း ရှိပါတယ်။ ဒါဟာ သာမာန် 5G အမြန်နှုန်းထက် အဆ ၉,၀၀၀ ပိုမြန်ပြီး ၁ စက္ကန့်မှာ ရုပ်ရှင်ဇာတ်ကား ၂၀ ကို ဒေါင်းလုဒ်လုပ်နိုင်ပါတယ်။

6G network

ပါမောက္ခ Zhixin Liu ဦးဆောင်တဲ့ အဖွဲ့ဟာ အရင်က မစမ်းသပ်ခဲ့ဖူးတဲ့ Frequency Spectrum အသစ်ကို အသုံးပြုကာ အခု အမြန်နှုန်းကို ရခဲ့တာ ဖြစ်ပါတယ်။ သူတို့ဟာ ဒေတာ ပေးပို့ဖို့ ရေဒီယိုလှိုင်းနဲ့ အလင်းကို ပေါင်းစပ် အသုံးပြုကာ 5 GHz ကနေ 150 GHz အတွင်းမှာ စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီနည်းပညာတွေကို ပေါင်းစပ်ခြင်းအားဖြင့် အရင်က အင်တာနက် အမြန်နှုန်းတွေကို ကျော်လွန်ခဲ့တာ ဖြစ်ပါတယ်။

938 Gbps: 6G hits 9000 times faster speeds than 5G in latest test

Liu က ဒီနည်းပညာကို ကျဉ်းမြောင်းတဲ့ တစ်လမ်းမောင်း ကားလမ်းကနေ ၁၀ လမ်းမောင်း ကားလမ်းအဖြစ် ပြောင်းလဲခြင်းနဲ့ နှိုင်းယှဉ်ပြခဲ့ပါတယ်။ သူက “ ကားများများသွားနိုင်အောင် ကျယ်တဲ့ လမ်းလိုအပ်သလိုပဲ ဒေတာများများ ပေးပို့နိုင်ဖို့ ကြီးမားတဲ့ Bandwidth လိုအပ်ပါတယ်။ “ လို့ ပြောပါတယ်။ သူက မကြာခင်မှာ User တွေအတွက် ဒီနည်းပညာကို အသုံးပြုနိုင်အောင် စမတ်ဖုန်း ထုတ်လုပ်သူတွေ၊ Network Provider တွေနဲ့ စကားပြောနေပါတယ်။

6G နည်းပညာဟာ အမြန်နှုန်းနဲ့ စွမ်းဆောင်ရည် အပိုင်းမှာ 5G ထက် အများကြီး ပိုကောင်းလာမှာ ဖြစ်ပါတယ်။ အနာဂတ် ကြိုးမဲ့ ဆက်သွယ်ရေး နည်းပညာဟာ အရင်ကထက် ပိုမို မြန်ပြီး စွမ်းရည် ပိုကောင်းလာမှာ သေချာပါတယ်။

Ref: gizchina