အခုအချိန်မှာ တကမ္ဘာလုံးမှာဖြစ်ပွားနေတဲ့ COVID-19 ဗိုင်းရပ်စ်ဟာ စမတ်ဖုန်းထုတ်လုပ်သူတွေအတွက်လည်း ပြဿနာမျိုးစုံဖြစ်ပွားစေနေတာဖြစ်ပါတယ်။ အဆိုပါ ပြဿနာတွေထဲမှာ Production နှောင့်နှေးတာတွေ၊ Launch Event တွေကို ရွေ့ဆိုင်းရတာတွေအကုန်ပါဝင်နေပါတယ်။

ဒါပေမယ့် နောက်ဆုံးရရှိထားတဲ့သတင်းတွေအရတော့ Samsung ရဲ့ ပထမနှစ်ဝက်နောက်ပိုင်းမှာ မိတ်ဆက်နေကြဖြစ်တဲ့ Galaxy Note Series မိတ်ဆက်မှုက နောက်ကျမှာမဟုတ်ဘူးလို့ သိရပါတယ်။ အဲ့ဒီအတွက် Samsung Galaxy Note 20 Series ဖုန်းတွေအပြင် Galaxy Fold 2 ဖုန်းအသစ်တွေက ပုံမှန်အတိုင်းပဲ လာမယ့် သြဂုတ်လအတွင်းမှာ မိတ်ဆက်လာမှာဖြစ်ပါတယ်။

အခုလိုမျိုး မိတ်ဆက်ပွဲကိုအချိန်ပြောင်းလဲမှုမရှိပေမယ့်လည်း ပုံမှန်လိုမျိုး Launch Event တော့ ပြုလုပ်တော့မှာမဟုတ်ဘဲ Online Event အနေနဲ့ပဲ ပြုလုပ်သွားဖို့များနေပါတယ်။ လောလောဆယ်မှာတော့ Launch Event ကို ဘယ်လိုမျိုး ပြုလုပ်သွားမလဲဆိုတာကို အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

နောက်ထပ်တစ်ခုက Samsung အနေနဲ့ Galaxy Note 20 Series နဲ့ Galaxy Fold 2 ဖုန်းတွေမိတ်ဆက်မယ့် အစီအစဥ်က လက်ရှိ Vietnam မှာရှိတဲ့ စမတ်ဖုန်းထုတ်လုပ်မှုအပေါ်မှာ အများကြီးမှုတည်နေတဲ့အတွက် တကယ်လို့ Samsung ရဲ့ စက်ရုံတည်ရှိတဲ့နေရာတွေမှာ COVID-19 ဗိုင်းရပ်စ် ပြန့်ပွားမှုများပြားလာရင်တော့ ပြောင်းလဲနိုင်ပါသေးတယ်။

Ref – Giz China