အခုလက်ရှိဖြစ်ပွားနေတဲ့ COVD-19 ဗိုင်းရပ်စ်ဟာ စမတ်ဖုန်းတွေရဲ့ ရောင်းအားကို သိသိသာသာထိခိုက်နေတာဖြစ်ပါတယ်။ အခုလည်း Goldman Sachs ရဲ့ ခန့်မှန်းချက်အရ လာမယ့် ၂၀၂၀ ခုနှစ် ဒုတိယ ၃ လပတ်မှာ Apple iPhone တွေရဲ့ ရောင်းအားကျဆင်းမယ်လို့ ဖော်ပြခဲ့ပါတယ်။

အဆိုပါ ဖော်ပြချက်မှာတော့ Apple iPhone တွေဟာ လာမယ့် ၂၀၂၀ ဒုတိယ ၃ လပတ်မှာ မနှစ်ကထက် ရောင်းအား ၃၆ ရာခိုင်နှုန်းအထိ ကျဆင်းသွားနိုင်တယ်လို့ သိရပါတယ်။ ဒါကလည်း ဒီအချိန်မှာ Apple ရဲ့ ဒေါ်လာ ၁,၀၀၀ ဝန်းကျင် iPhone တွေကို ဝယ်ယူသူတွေမရှိတော့တာကြောင့်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

Bloomberg ရဲ့ ဖော်ပြချက်အရလည်း သုံးသပ်သူတွေက လာမယ့် ၂၀၂၀ ဒုတိယ ၃ လပတ်မှာ iPhone အလုံးရေ ၂၈ သန်းပဲ ရောင်းချရမယ်လို့ ပြောကြားခဲ့သလို နောက်ထပ် သုံးသပ်သူအချို့ကလည်း iPhone ရောင်းချရမှုက မနှစ်ကထက် ၂၇ ရာခိုင်နှုန်းကျဆင်းနိုင်တယ်ဆိုပြီး ခန့်မှန်းနေကြပါတယ်။

ဒါပေမယ့်လည်း Apple ကနေ မကြာသေးခင်တုန်းက $399 တန် iPhone SE ကို မိတ်ဆက်ထားတဲ့အတွက် ရောင်းအားပိုင်းမှာ ပြန်ပြီးတိုးတက်လာနိုင်ပြီးတော့ တကယ်တမ်းရောင်းအားဘယ်လောက်ထိ ကျဆင်းမလဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – Gizmo China