နှစ်စဉ်နှစ်တိုင်းကျင်းပလေ့ရှိတဲ့ Evolution Championship Series (EVO) ပြိုင်ပွဲဟာ ရှေးအကျဆုံး Esports တစ်ခုဖြစ်တဲ့ ဖိုက်တင်ဂိမ်းတွေအတွက် အကြီးဆုံးပြိုင်ပွဲဖြစ်ပါတယ်။ EVO 2020 ပြိုင်ပွဲဟာလည်း COVID-19 ကြောင့် ယခင်အစီအစဉ်အတိုင်း မကျင်းပနိုင်တော့ဘဲ အွန်လိုင်းအဖြစ် ပြောင်းလဲယှဉ်ပြိုင်ဖို့ ယနေ့မှာကြေညာလာခဲ့ပါပြီ။
မူလက အမေရိကန်နိုင်ငံ လာ့စ်ဗီးဂပ်စ်မြို့က Mandalay Bay မှာ ဇူလိုင် ၃၁ ကနေ မေ ၂ ရက်နေ့ထိ ကျင်းပဖို့ စီစဉ်ထားတာပါ။ ဒီပွဲကို တက်ရောက်ဖို့ ကြိုတင်ဝယ်ယူထားတဲ့ လက်မှတ်တွေနဲ့ နေရာထိုင်ခင်းအကြိုစီစဉ်မှုတွေအတွက်ပါ ငွေပြန်အမ်းပေးခဲ့ပါတယ်။
အခုနှစ် EVO ပွဲမှာ Street Fighter 5: Champion Edition, Super Smash Bros. Ultimate, Dragon Ball FighterZ တို့နဲ့အတူ Marvel vs. Capcom 2 အထူးဖိတ်ခေါ်ပြိုင်ပွဲတို့ ပါဝင်မှာဖြစ်ပါတယ်။ ဒါပေမယ့် အွန်လိုင်းအဖြစ် ပြောင်းလဲပြီးတဲ့နောက် ပါဝင်မယ့်ဂိမ်းစာရင်းကိုတော့ ထပ်မံအတည်မပြုပေးသေးပါဘူး။
EVO သာမက E3, GDC နဲ့ Gamescom တို့လို နှစ်ပတ်လည်ဂိမ်းပြပွဲကြီးတွေလည်း ကိုဗစ်ကပ်ဘေးကြောင့် ဖျက်သိမ်းခဲ့ရပါတယ်။ နည်းပညာထုတ်ကုန်တွေကို အွန်လိုင်းကနေ မိတ်ဆက်တာက သိပ်မသိသာပေမယ့် LAN နဲ့ ယှဉ်ပြိုင်ရမယ့်အစား အွန်လိုင်းကနေ ယှဉ်ပြိုင်ရတဲ့ Esports ပွဲတွေက ကစားသမားတွေအတွက် အခက်တွေ့စေပါတယ်။
Ref – The Verge