Samsung ကနေ Galaxy A Series ဖုန်းတွေထဲက အလယ်အလတ်တန်းစားဖုန်းတစ်လုံးဖြစ်တဲ့ Galaxy A51 ကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းက မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ Galaxy A51 စမတ်ဖုန်းဟာ စျေးကွက်ထဲမှာ အောင်မြင်ခဲ့တဲ့ဖုန်းတစ်လုံးဖြစ်သလို ထွက်ရှိတဲ့အချိန်တုန်းက Android 10 အခြေခံထားတဲ့ OneUI 2.0 နဲ့ ထွက်ရှိခဲ့တာဖြစ်ပါတယ်။

အခုလည်း Samsung ကနေ Galaxy A51 စမတ်ဖုန်းအတွက် OneUI 2.1 Update ကိုထုတ်ပေးလိုက်ပြီဖြစ်ပြီး April 2020 Android Security Patch ပါ ပါဝင်လာမှာဖြစ်ပါတယ်။ အဆိုပါ OneUI 2.1 Update နဲ့အတူ AR Emoji ၊ Quick Share ၊ Music Share နဲ့ Galaxy App ၊ Samsung Keyboard Update အသစ်တွေပါ ပါဝင်လာမယ်လို့ သိရပါတယ်။

ဒါပေမယ့် Galaxy A51 ရဲ့ OneUI 2.1 Update ဟာ Flagship ဖုန်းတွေဖြစ်တဲ့ Samsung Galaxy S20 Series ဖုန်းတွေရဲ့ OneUI 2.1 မှာပါဝင်တဲ့ တချို့သော Feature တွေတော့ ပါဝင်ဦးမှာမဟုတ်ပါဘူး။ အခု Firmware Update Version ကိုတော့ A515FXXU3BTD4 လို့ သိရပြီးတော့ File Size အနေနဲ့ 1.25GB ဝန်းကျင် Download ပြုလုပ်ရမှာဖြစ်ပါတယ်။

လောလောဆယ်မှာ Samsung ကနေ တချို့ Region တွေအတွက်ပဲ OneUI 2.1 Update ကိုထုတ်ပေးနေတာဖြစ်ပြီး ကျန်တဲ့ Region တွေအကုန်လုံးအတွက်ကတော့ နောက်ပိုင်းရက်အနည်းအတွင်း ရရှိလာမယ်လို့ ပြောကြားခဲ့ပါတယ်။ Update ရမရကိုတော့ Settings – Software Update ကနေ စစ်ဆေးနိုင်မှာပါ။

Ref – GSM Arena