လောလောဆယ်မှာ Display အောက်မှာ Selfie Camera ကို မြုပ်ထားတဲ့ Under-Screen Camera နည်းပညာကို OPPO နဲ့ Xiaomi တို့ကပဲ Prototype အနေနဲ့ မိတ်ဆက်ထားတာဖြစ်ပါတယ်။ ဒါပေမယ့် အခုချိန်မှာတော့ Huawei ကလည်း အဆိုပါ Under-Screen Camera နည်းပညာအတွက် မူပိုင်ခွင့်ရယူလိုက်ပြီလို့ သိရပါတယ်။

Huawei ကနေ ရယူလိုက်တဲ့ မူပိုင်ခွင့်အရ “Structure, Camera Module and Terminal Equipment for Hidden Front Camera” ဆိုတဲ့ နာမည်နဲ့ဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်နေ့၊ ၂၀၁၉ ခုနှစ်ထဲက အတည်ပြုထားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် Huawei ကလည်း Under-Screen Camera နဲ့ စမတ်ဖုန်းတွေကိုဆောင်ရွက်နေတာ သေချာသလောက်ဖြစ်နေပါပြီ။

အဆိုပါ မှုပိုင်ခွင့်အရ Front Camera ၊ Camera Module နဲ့ Terminal Device တွေပါဝင်ပြီးတော့ အဆိုပါ Structure တစ်ခုက Front Camera နဲ့ အရှေ့ဘက်မှန်အကြားမှာပါဝင်နေမှာဖြစ်ပါတယ်။ ဒါ့အပြင် Light Source တွေအတွက် Light Guide Plate လည်းပါဝင်မှာဖြစ်ပြီး Display မှာ ပြသမယ့်အရောင်တွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

အခုလိုမျိုး နည်းပညာကြောင့် Huawei ရဲ့ Under-Screen Camera နည်းပညာဟာ လက်ရှိ Xiaomi နဲ့ OPPO တို့ရဲ့ Under-Screen Camera ထက်ပိုပြီးကောင်းမွန်တယ်လို့ ပြောနိုင်သလို ကြည့်ရတာတော့ မကြာခင်မှာ အဆိုပါ Under-Screen Camera အသုံးပြုထားတဲ့ ပထဆုံးစမတ်ဖုန်းကိုတောင် မိတ်ဆက်လာနိုင်ပါတယ်။

Ref – Giz China