Mediatek နဲ့ Vivo တို့က ဖုန်း ၁ လုံးကို ပူးပေါင်းဖန်တီးနေကြတယ်လို့ ကြေညာထားပြီး iQOO Z1 လို့ နာမည်ပေးထားပါတယ်။ Dimensity 1000+ Chipset မောင်းနှင်ထားတဲ့ ပထမဆုံး ဖုန်း ဖြစ်ပြီး မေလ ၁၉ ရက်နေ့မှာ ကြေညာမှာပါ။ အခုတော့ ပေါက်ကြားထွက်ပေါ်လာတဲ့ ပိုစတာမှာ ဈေးနှုန်း ပါလာပြီး 6/128GB ကို ၂,၄၉၈ ယွမ် သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၄ သိန်း ၉ သောင်းလောက် ကျသင့်မှာပါ။

Vivo  ဝက်ဘ်ဆိုက်နဲ့ တရုတ်က အထင်ကရ အွန်လိုင်းစတိုးတွေကနေ အဲဒီ  ဖုန်းကို ကြိုတင်မှာယူခွင့်ပေးထားပြီ ဖြစ်ပြီး စာရင်းပေးသွင်းထားသူတွေဟာ iQOO Z1 ရောင်းချမယ့် အချိန်ကို အရင်ဆုံး သိရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပထမဆုံး အသုတ်ရောင်းချရင် ဝယ်ယူနိုင်မယ့် အားသာချက်ရှိပါတယ်။

Vivo iQOO Z1 မှာ LCD မျက်နှာပြင် သုံးထားမှာ ဖြစ်ပြီး 144Hz Refresh Rate ထောက်ပံ့ထားမယ့်အတွက် မျက်နှာပြင်တုန့်ပြန်မှုက လန်းပါတယ်။ 44W Fast Charging က အားသွင်းရင် အရမ်းမြန်မှာ ဖြစ်ပြီး ဘေးဘက် လက်ဗွေရာ ကိရိယာ ပါလာမှာပါ။ မျက်နှာပြင်ရဲ့ ဘယ်ဘက်အထက်က Punch Hole မှာ ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားမှာပါ။

မိတ်ဆက်ပွဲဟာ ရက်အနည်းငယ်လိုသေးတဲ့အတွက် ဒီကြားထဲမှာ Vivo က ကင်မရာ , ဒီဇိုင်းတွေလို Specs တွေကို မျှဝေနိုင်ပါတယ်။

Ref : gsmarena