YouTube ဟာ လူငယ်အသုံးပြုသူတွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် Live Stream လွှင့်ခြင်းနဲ့ ပတ်သက်တဲ့ စည်းကမ်းအသစ်တစ်ခုကို တင်းတင်းကျပ်ကျပ် ပြောင်းလဲသတ်မှတ်လိုက်ပြီ ဖြစ်ပါတယ်။
လာမယ့် ဇူလိုင်လ ၂၂ ရက်နေ့ကစပြီး အသက် ၁၆ နှစ်အောက် Content Creator တွေဟာ YouTube မှာ တစ်ယောက်တည်း Live လွှင့်ခွင့် ရတော့မှာ မဟုတ်ပါဘူး။ Live လွှင့်ချင်တယ်ဆိုရင် သူတို့နဲ့အတူ လူကြီးတစ်ယောက်က ထင်ထင်ရှားရှားမြင်သာစွာ ပါဝင်ပြီး (co-host) လုပ်မှသာ ခွင့်ပြုတော့မှာ ဖြစ်ပါတယ်။
ဒီစည်းကမ်းအသစ်ဟာ Android၊ iOS နဲ့ Desktop အပါအဝင် ပလက်ဖောင်းအားလုံးမှာ အကျုံးဝင်မှာ ဖြစ်ပြီး လူငယ်အသုံးပြုသူတွေကို ပိုမိုကာကွယ်ပေးနိုင်ဖို့ ရည်ရွယ်တယ်လို့ YouTube က ဆိုပါတယ်။
အသက် ၁၆ နှစ်အောက် Creator တွေအနေနဲ့ သူတို့ရဲ့ Channel မှာ လူကြီးတစ်ယောက်ကို Editor, Manager ဒါမှမဟုတ် Owner အဖြစ် တာဝန်ပေးထားရင်တောင် Live လွှင့်တဲ့အခါမှာ အဲဒီလူကြီးက ကင်မရာရှေ့မှာ မဖြစ်မနေ ရှိနေရမှာပါ။
အကယ်၍ ဒီစည်းကမ်းကို ချိုးဖောက်ပြီး အသက်မပြည့်သေးတဲ့သူတွေက တစ်ယောက်တည်း Live လွှင့်တာကို တွေ့ရှိခဲ့ရင် Live Chat လို Feature တွေ ဆုံးရှုံးတာကနေစပြီး Live လွှင့်ခွင့် ပိတ်သိမ်းခံရတာအထိ အရေးယူခံရနိုင်ပါတယ်။ အကြိမ်ကြိမ်ချိုးဖောက်ပါက Account တစ်ခုလုံးကိုပါ ရပ်စဲပစ်နိုင်တယ်လို့ YouTube က ပြင်းပြင်းထန်ထန် သတိပေးထားပါတယ်။