COVID-19 ကမ္ဘာ့ကပ်ရောဂါဟာ ကမ္ဘာတစ်ဝန်းလုံးက စက်မှုလုပ်ငန်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေအကုန်လုံးကို ပြင်းပြင်းထန်ထန်ထိုးနှက်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် စမတ်ဖုန်းလုပ်ငန်းတွေကတော့ မြန်မြန်ဆန်ဆန် ပြန်လည်လည်ပတ်နိုင်ပြီဖြစ်သလို၊ ဈေးကွက်အခြေအနေမှာလည်း တစ်ဟုန်ထိုးကျဆင်းနေတာတွေကို လျှော့ချနေနိုင်တာကို တွေ့မြင်ရပါတယ်။

တရုတ်အခြေစိုက်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Xiaomi ကလည်း ကပ်ရောဂါကာလအလွန်မှာ သူ့ရဲ့အမှတ်တံဆိပ်ကို နိုင်ငံတကာဈေးကွက်မှာ ပိုပြီးခိုင်မာစွာနဲ့ပျံ့နှံ့တည်ရှိနိုင်ဖို့ ကြိုးစားနေတာကို တွေ့ရပါတယ်။ ဒါကို အသစ်ထွက်လာတဲ့ ဈေးကွက်ဆိုင်ရာအချက်အလက်တွေက သက်သေပြနေပါတယ်။ အကြောင်းကတော့ Xiaomi ဟာ ၂၀၂၀ ပထမသုံးလပတ်မှာ စမတ်ဖုန်းတင်ပို့ရောင်းချမှု ပိုပြီးတိုးတက်လာတာကြောင့်ပဲ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ Xiaomi ဟာ ဈေးကွက်ကိုဦးဆောင်နေတဲ့ Samsung ၊ နိုင်ငံတူအမှတ်တံဆိပ်ဖြစ်တဲ့ Huawei၊ အမေရိကန်ကုမ္ပဏီကြီးဖြစ်တဲ့ Apple တို့နောက်မှာရှိနေသေးတာ ဖြစ်ပါတယ်။ ဒီအခြေအနေမှာ Xiaomi ရဲ့ ပြည်တွင်းစမတ်ဖုန်းတင်ပို့ရောင်းချမှုက လျော့နည်းသွားပြီး နိုင်ငံတကာဈေးကွက်ကိုပဲ ပိုပြီးအားစိုက်ထိုးဖောက်နေတာကို တွေ့မြင်နေရပါတယ်။

နှိုင်းယှဉ်ကြည့်မယ်ဆိုရင် Huawei, OPPO နဲ့ Vivo တို့ဟာ ပြည်တွင်းနဲ့ပြည်ပ ဈေးကွက်တင်ပို့မှုအချိုးကို ၅၀% စီ ထိန်းသိမ်းထားတယ်ဆိုပေမယ့် Xiaomi ကတော့ ပြည်တွင်းဈေးကွက်တင်ပို့မှုကို ၂၅% ပဲ ထားရှိတော့တာကို တွေ့ရပါတယ်။ တစ်ဘက်မှာတော့ နိုင်ငံတကာဈေးကွက်ကို သိသိသာသာ တိုးချဲ့နိုင်ခဲ့ပြီး ၂၀၂၀ ရဲ့ ပထမသုံးလပတ်အတွင်းမှာ ယူနစ်ပေါင်း ၇သန်းအထိ တင်ပို့ရောင်းချနိုင်ခဲ့တာကို တွေ့ရပါတယ်။

Xiaomi ဟာ ဥရောပဈေးကွက်မှာ စပိန်ဈေးကွက်ကို အောင်အောင်မြင်မြင်ထိုးဖောက်နိုင်ခဲ့ပြီး အာရှမှာလည်း အိန္ဒိယဈေးကွက်ကို အောင်မြင်စွာနဲ့ ထိုးဖောက်နိုင်ခဲ့ပါတယ်။

Ref: Gizmochina