Apple ဟာ လာမယ့်နှစ်ကုန်ပိုင်းမှာ iPhone 12 Series စမတ်ဖုန်းအသစ်တွေကို မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အခုလည်း Apple နဲ့ ပတ်သက်တဲ့သတင်းတွေကို အမြဲတမ်းခန့်မှန်းတတ်တဲ့ Analyst Ming-Chi Kuo ကနေ အဆိုပါ iPhone 12 တွေနဲ့ ပတ်သက်တဲ့သတင်းတစ်ခုကို ဖော်ပြခဲ့ပါတယ်။
အဆိုပါသတင်းကတော့ Apple ကနေ လာမယ့် iPhone 12 Series ဖုန်းတွေမှာ iPhone တွေမှာ ပါဝင်နေကြဖြစ်တဲ့ Wired EarPods တွေကို ထည့်သွင်းပေးသွားတော့မှာမဟုတ်ဘူးလို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် Apple iPhone 12 Series ဖုန်းတွေမှာ Audio Dongle မဟုတ်ဘဲ Wired EarPods တွေပါ ပါဝင်တော့မှာမဟုတ်ပါဘူး။
Apple ရဲ့ အခုလိုမျိုး ဆုံးဖြတ်ချက်ဟာ အဓိကအနေနဲ့ကတော့ အသုံးပြုသူတွေကို AirPods တွေကို ဝယ်ယူစေချင်တာကြောင့် အဓိကဖြစ်ပြီး နောက်ပိုင်းမှာ Apple အနေနဲ့ iPhone ဝယ်ယူမယ်ဆိုရင် AirPods တွေကိုပါ Bundle အနေနဲ့ Promotion ပြုလုပ်သွားဖို့ရှိနေတယ်လို့လည်း သိရပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလိုမျိုး AirPods ကို iPhone အသုံးပြုသူတိုင်း အသုံးပြုအောင် ပြုလုပ်နေတာကတော့ ဘယ်လိုမျိုး ဝေဖန်ခံရမလဲဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပါ။
တကယ်လို့ Apple ရဲ့ Wired EarBuds ကို ဝယ်ယူမယ်ဆိုရင်လည်း $29 ခန့်ကျသင့်မှာဖြစ်ပြီး Lightning to 3.5mm Adapter Dongle ကလည်း $9.99 နဲ့ ဝယ်ယူရမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် ဘာပဲဖြစ်ဖြစ် iPhone သုံးမယ်ဆိုရင် AirPods ကတော့ မရှိမဖြစ်ဝယ်ထားရမယ့် Accessories တစ်ခုဖြစ်လာမှာပါ။
Ref – GSM Arena