Redmi ကနေ မကြာသေးခင်ကမှ MediaTek Dimensity 820 5G Chipset ကိုအသုံးပြုထားတဲ့ Redmi 10X Pro အပါအဝင် Redmi 10X Series ဖုန်းတွေကို တရုတ်နိုင်ငံမှာမိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အခုလည်း MediaTek Dimensity 1000+ Chipset ကို အသုံးပြုလာမယ့် နောက်ထပ်စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းသစ်တစ်လုံးကိုပါ မကြာခင်မိတ်ဆက်သွားဦးမှာပါ။

အခုသတင်းကိုတော့ Xiaomishka ကနေ ဖော်ပြခဲ့တာဖြစ်ပြီး Xiaomi ကနေ Karna လို့ Codename ပေးထားတဲ့ Redmi စမတ်ဖုန်းအသစ်ကို မိတ်ဆက်ဖို့ရှိနေတယ်လို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။ အဆိုပါ Redmi ဖုန်းဟာ Dimensity 1000+ Chipset အပြင် 144Hz Refresh Rate Display နဲ့ 64MP Primary Camera Setup တွေကိုပါ အသုံးပြုလာမယ်လို့ သိရပါတယ်။

ဖြစ်နိုင်တာက အဆိုပါ Redmi စမတ်ဖုန်းအသစ်ဟာ မကြာသေးခင်တုန်းကမှ မိတ်ဆက်ထားခဲ့တဲ့ Vivo iQOO Z1 စမတ်ဖုန်းကို ယှဥ်ပြိုင်ဖို့အတွက်ဖြစ်နိုင်ပြီးတော့ Gaming ပိုင်းအတွက် အဓိကရည်ရွယ်ဖို့များနေပါတယ်။ MediaTek Dimensity 1000+ Chipset ဟာ Antutu ရမှတ်အနေနဲ့ ၅၃၀,၀၀၀ ကျော်ရရှိထားတဲ့အတွက် စွမ်းဆောင်ရည်အရလည်း Flagship ဖုန်းတစ်လုံးနီးပါး စွမ်းဆောင်နိုင်မှာဖြစ်ပါတယ်။

Camera ပိုင်းမှာတော့ Redmi K30 Series ဖုန်းတွေလိုမျိုးပဲ 64MP Sony IMX686 Sensor ကို အသုံးပြုလာနိုင်ပြီးတော့ တခြားဘယ်လိုမျိုး Feature တွေပါဝင်မလဲဆိုတာကိုတော့ အတိအကျမသိရှိရသေးပါဘူး။ ဘာပဲဖြစ်ဖြစ် 5G Network ကိုလည်း Support ပြုလုပ်မယ့် ယခု Redmi Karna စမတ်ဖုန်းကို လာမယ့် ဇူလိုင်လဝန်းကျင်မှာ မိတ်ဆက်သွားဖို့များနေတယ်လို့ သိရပါတယ်။

Ref – Notebook Check