စမတ်ဖုန်းတွေဟာ Model တစ်ခုထဲအောက်မှာ ထွက်ရှိပေမယ့် တစ်လုံးနဲ့တစ်လုံးကို ခွဲခြားနိုင်ဖို့အတွက် IMEI (International Mobile Equipment Identity) နံပါတ်တွေ ထားရှိတာဖြစ်ပါတယ်။ အဲ့ဒီအတွက် IMEI တူညီတဲ့ စမတ်ဖုန်း ၂ လုံးရှိနေဖို့က မဖြစ်နိုင်တဲ့ ကိစ္စလို့တောင် ပြောရမှာပါ။
ဒါပေမယ့် India နိုင်ငံမှာတော့ Vivo ဖုန်းအလုံးပေါင်း ၁၃,၅၀၀ ကျော်ဟာ တူညီတဲ့ IMEI နံပါတ်ရှိနေတယ်ဆိုပြိး တွေ့ရှိခဲ့ပါတယ်။ အခုလိုမျိုး IMEI နံပါတ်တူညီနေတာကို Meerut က စုံစမ်းစစ်ဆေးသူတစ်ဦးက တွေ့ရှိခဲ့တာဖြစ်ပြီး သူ့ရဲ့ဖုန်းကို Delhi Service Center မှာ ပြီးခဲ့တဲ့စက်တင်ဘာလ ၂၀၁၉ ခုနှစ်တုန်းက ပြသအပြီးမှာ IMEI နံပါတ် ပြောင်းလဲသွားတာကနေ သတိထားမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီနောက်ပိုင်းမှာ အဆိုပါစုံစမ်းစစ်ဆေးမှုကို Meerut Police အောက်က Cyber Cell Team ကနေ ကိုင်တွယ်ခဲ့တာဖြစ်ပြီး ၅ လကျော်အကြာမှာ အခုလိုမျိုး Vivo ဖုန်းအလုံး ၁၃,၅၀၀ ခန့်က တူညီတဲ့ IMEI နံပါတ်တွေရှီနေတယ်ဆိုတာကို ကြေညာခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်ရပ်အတွက် Delhi Service Center ကို စွဲချက်တင်ထားပေမယ့် လောလောဆယ်အထိ IMEI နံပါတ်ကိုပြောင်းလဲတာမျိုးမပြုလုပ်ခဲ့ဘူးဆိုပြီး ငြင်းဆိုနေတယ်လို့ သိရပါတယ်။
ဒီလိုမျိုး IMEI နံပါတ်ကို အတုပြုလုပ်တာမျိုးက India နိုင်ငံမှာ တရားဥပဒေချိုးဖောက်တဲ့ပြစ်ရက်တစ်ခုဖြစ်ပြီး Vivo India ကတော့ အခုဖြစ်ရပ်အပေါ် ဘာမှမှတ်ချက်ပေးထားခြင်းမရှိသေးပါဘူး။
Ref – Gizmo China