Vivo ကနေ လွန်ခဲ့တဲ့ ၃ လဝန်းကျင်ကနေ Vivo NEX 3S 5G စမတ်ဖုန်းကို မိတ်ဆက်ခဲ့ပါတယ်။ အခုလည်း Vivo ကနေ Qualcomm Snapdragon 865 5G Chipset ကို အသုံးပြုထားတဲ့ Flagship စမတ်ဖုန်းအသစ်ကို မိတ်ဆက်သွားဦးမယ့်ပုံစံပါပဲ။
ဘာကြောင့်လဲဆိုရင် အခုအချိန်မှာ Benchmarking Website တစ်ခုဖြစ်တဲ့ Geekbench မှာ Vivo ရဲ့ 5G Flagship အသစ်ကို တွေ့မြင်ခဲ့ရတာကြောင့်ဖြစ်ပါတယ်။ အဆိုပါ Vivo စမတ်ဖုန်းကိုတော့ Vivo V2024A ဆိုတဲ့ Model Number တွေနဲ့ မြင်တွေ့ခဲ့ရတာဖြစ်ပြီး Vivo နာမည်နဲ့ မိတ်ဆက်လာမလား Vivo ရဲ့ Sub-brand တစ်ခုဖြစ်တဲ့ IQOO နာမည်နဲ့ မိတ်ဆက်လာမလားဆိုတာကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
အဆိုပါ Vivo V2024A Flagship ဖုန်းဟာ Qualcomm Snapdragon 865 5G Chipset အပြင် RAM 8GB ပါဝင်မှာဖြစ်ပြီး Android 10 ကိုပဲ အသုံးပြုထားတာဖြစ်ပါတယ်။ Benchmark တွေအနေနဲ့ကတော့ Single-Core Score မှာ ၉၁၂ မှတ်နဲ့ Multi-Core Score မှာ ၃၂၉၁ မှတ်ရရှိခဲ့တယ်လို့ သိရပါတယ်။
ဘာပဲဖြစ်ဖြစ် မကြာခင်မှာ ယခု Vivo Flagship ဖုန်းအသစ်နဲ့ ပတ်သက်တဲ့သတင်းတွေကို ထပ်မံသိရှိလာမယ်လို့ ခန့်မှန်းရပါတယ်။
Ref – Giz China