တရုတ်နိုင်ငံအခြေစိုက် Dota 2 အသင်း PSG.LGD အသင်းမှ Somnus’ M ဟာ မကြာသေးခင်က ကျင်းပပြီးစီးခဲ့တဲ့ ESL One Birmingham 2020 အွန်လိုင်းပြိုင်ပွဲတစ်ခုလုံးရဲ့ တန်ဖိုးအရှိဆုံးကစားသမား (MVP) အဖြစ် ရွေးချယ်ခံခဲ့ရတဲ့ အတွက် Mercedes-Benz ကားအသစ်တစ်စီးကို ဆုရရှိခဲ့ပါတယ်။

PSG.LGD အသင်းရဲ့ Mid ကစားသမား Somnus’ M ကို “Maybe” ဆိုတဲ့ အမည်နဲ့လည်း လူသိများပြီး အမည်ရင်းက Lu Yao ဖြစ်ပါတယ်။ COVID အန္တရာယ်ကြောင့် အွန်လိုင်းအဖြစ် ပြောင်းလဲပြီး ဒေသတစ်ခုချင်းစီ ကျင်းပခဲ့ရတဲ့ ESL One ပြိုင်ပွဲစဉ်မှာ Maybe ဆုရခဲ့ကြောင်းကိုလည်း တွစ်တာကနေသာ ကြေညာခဲ့တာပါ။

ရှေ့မှာကျင်းပခဲ့တဲ့ ESL One Los Angeles 2020 ပွဲမှာတော့ Virtus.Pro အသင်းမှ “No[O]ne” က အလားတူ ဆုရရှိခဲ့ပြီး ဒီပြိုင်ပွဲမှာတော့ Maybe အတွက် အနီးကပ်ဆုံးပြိုင်ဘက်တွေက Quincy Crew အသင်းမှ “Lelis”, Team Secret မှ “Puppey” နဲ့ Fnatic အသင်းမှ “Jabz” တို့ဖြစ်ပါတယ်။

ESL One Dota 2 ပြိုင်ပွဲတွေမှာ ပွဲစဉ်တလျှောက် အကောင်းဆုံး/တန်ဖိုးအရှိဆုံး ကစားသမားဆု (MVP) ရရှိသူတိုင်းကို Mercedes-Benz တစ်စင်း ဆုချီးမြှင့်လေ့ရှိပြီး ဒါက ဆယ်ကြိမ်မြောက်ဖြစ်ပါတယ်။ ဒီဆုကို ရရှိခဲ့ဖူးတဲ့ ကစားသမားတွေကတော့
ESL One Birmingham 2020 – Somnus ‘ M (PSG.LGD)
ESL One Los Angeles 2020 – No[o]ne (Virtus.Pro)
ESL One Hamburg 2019 – March (TNC Predator)
ESL One Birmingham 2019 – Puppey (Team Secret)
ESL One Mumbai 2019 – Febby (Mineski)
ESL One Katowice 2019 – zai (Team Secret)
ESL One Hamburg 2018 – MidOne (Team Secret)
ESL One Birmingham 2018 – NoOne (Virtus Pro)
ESL One Katowice 2018 – Rodjer (Virtus Pro)
ESL One Hamburg 2017 – Solo (Virtus Pro)
တို့ဖြစ်ကြပြီး VP အသင်းက No[O]ne ဟာ တစ်ဦးတည်းသော MVP ဆုနှစ်ကြိမ်ရဖူးသူဖြစ်ပါတယ်။

Ref – AFKGaming