Dota 2 ဂိမ်းရဲ့ Major Update တွေကို Patch နံပါတ်တွေနဲ့ အစဉ်လိုက်ခေါ်ဝေါ်လေ့ရှိပြီး ယခုလက်ရှိ 7.26 Patch ရဲ့သက်တမ်းကလည်း အနည်းငယ်ရှည်ကြာနေခဲ့ပါပြီ။ ယနေ့မှာ Developer တွေက 7.27 Patch အသစ်ရဲ့ သတင်းကို စဖော်ပြလာခဲ့ပါတယ်။

Dota 2 ရဲ့ပဲ့ကိုင်ဖန်တီးရှင် IceFrog ဟာ Dota 2 ရဲ့ Dev Forum ပေါ်မှာ Patch 7.27 လာတော့မယ် ဆိုတဲ့ သတင်းကောင်းကို ကြေညာခဲ့ပြီး Update အသစ်ဟာ အရင်ဆုံး Item, Economy နဲ့ General Gameplay ပိုင်းကို ပြောင်းလဲမယ်လို့ ဆိုထားပါတယ်။

ဒါ့ကြောင့် Update တစ်ခုထွက်လာရင် ဘယ်ဟီးရိုးရဲ့ Ability တွေ ပြောင်းလဲသွားမလဲ ဆိုပြီး စိတ်ဝင်စားနေတဲ့ ကစားသမားတွေကတော့ အချိန်နည်းနည်းထပ်စောင့်ရဦးမယ့်ပုံပါပဲ။ လက်ရှိ Game Meta ကို ပြောင်းလဲပြီးမှ ဟီးရိုးတွေကို လိုအပ်သလို ချိန်ညှိမှုတွေ ထပ်လုပ်သွားမယ့် သဘောမှာရှိပါတယ်။

Update တိုင်းဟာ ရာကျော်တဲ့ ဟီးရိုးတွေနဲ့ Item တွေကို အရမ်း Overpowered မဖြစ်အောင်နဲ့ အရမ်း လူကြိုက်နည်းနေတာတွေကို ပြန်လည်ပြုပြင်ဖို့ ရည်ရွယ်ပြီး ထုတ်လုပ်ပေးရတာပါ။ ဒါ့ကြောင့် လက်ရှိ Meta မှာ Win Rate အများဆုံး ဟီးရိုးတွေ၊ Item တွေက Nerf ခံရပြီး ဆော့ကစားမှုနည်းတဲ့ ဟီးရိုးတွေကိုတော့ Boost ပေးရမှာဖြစ်ပါတယ်။

လက်ရှိ Meta မှာတော့ ဟီးရိုးအားလုံးကို Nerf ထားပြီး Necronomicon နဲ့ Helm of Dominator တို့လို Extra Controlled Unit တွေရရှိနိုင်တဲ့ Item တွေက ပိုခေတ်စားနေပါတယ်။ Neutral Creep တွေဆီက Aura တွေကို တတ်နိုင်သလောက် ရယူပြီး Chen, Enchantress, Lycan တို့လို ဟီးရိုးတွေ ခေတ်စားနေကာ လာမယ့် 7.27 မှာတော့ ဘယ်လိုချိန်ညှိပေးမလဲ ဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရမှာပါ။

ဒါ့အပြင် Rank Season တစ်ခု အသစ်စဖို့လည်း အချိန်က နီးစပ်နေပြီဖြစ်တာကြောင့် Rank Reset Update လည်း တပြိုင်တည်း မြင်ရင်မြင်ရနိုင်ပါသေးတယ်။ စာဖတ်သူတွေလည်း လာမယ့် 7.27 Patch မှာ ဘာအပြောင်းအလဲတွေ မြင်ရမယ်လို့ မျှော်လင့်ထားလဲဆိုတာ ပြောပြပေးပါဦး။