Apple ကနေ ၂၀၂၀ နှစ်ကုန်ပိုင်းမှာ iPhone 12 Series ဖုန်းတွေဖြစ်တဲ့ iPhone 12 ၊ iPhone 12 Max ၊ iPhone 12 Pro နဲ့ iPhone 12 Pro Max ဆိုပြီး ဖုန်း ၄ မျိုး မိတ်ဆက်သွားမယ်ဆိုပြီး သတင်းတွေထွက်ရှိနေတာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Entry iPhone 12 ဟာ စျေးနှုန်းအနေနဲ့ $649 ကနေ စတင်မယ်လို့လည်း သိရပါတယ်။
အခုအချိန်မှာတော့ Chinese Website တစ်ခုကနေ Apple ဟာ iPhone 12 Series စမတ်ဖုန်းတွေကို ၄ မျိုးအစား ၅ မျိုးထုတ်လုပ်သွားမယ်ဆိုပြီး ဖော်ပြသွားခဲ့ပါတယ်။ အဆိုပါ ဖော်ပြချက်ဟာ လက်ရှိထွက်ရှိထားတဲ့ iPhone 12 ၄ မျိုးအပြင် Entry iPhone 12 Model ကိုပဲ 5G Version အစား 4G အနေနဲ့ထုတ်လုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
Apple အနေနဲ့ ယခုလိုမျိုး iPhone 12 Series ကို 5G ဖုန်းတွေအပြင် 4G Version iPhone 12 ကို ထုတ်လုပ်တာက တကယ်လို့ 5G ကိုအသုံးပြုနိုင်ခြင်းတဲ့ နိုင်ငံတွေမှာ ပိုပြီးရောင်းချနိုင်အောင်ရည်ရွယ်ထားတဲ့ပုံစံပါပဲ။ အဲ့ဒီအတွက် အဆိုပါ 4G Version iPhone 12 ဟာ တခြားသော Specification တွေမှာ 5G iPhone 12 နဲ့ ဆင်တူမှာဖြစ်ပြီး 4G Version ဖြစ်တဲ့အတွက် $649 ထက်တောင် ပိုပြီး စျေးသက်သာလာနိုင်ပါတယ်။
ဒါပေမယ့်လည်း အဆိုပါ 4G iPhone 12 ကိုပါ မိတ်ဆက်မယ်ဆိုတာကို အတည်ပြုနိုင်ဖို့ ခက်ခဲနေသေးပြီးတော့ ဖြစ်နိုင်တာက Apple အနေနဲ့ Region ကန့်သတ်ပြီး iPhone 12 ကိုပဲ 4G Version နဲ့ 5G Version ဆိုပြီး ၂ မျိုးခွဲခြားရောင်းချသွားနိုင်ပါသေးတယ်။
Ref – Phone Arena