အရင်က OnePlus Z လို့ သိခဲ့ကြတဲ့ OnePlus Nord စွမ်းရည်သင့် ဖုန်းကို TUV Rheinland မှာ မှတ်ပုံတင်လိုက်ပြီး 30W Fast Charging ပါမယ်လို့ ဖော်ပြထားပါတယ်။ မော်ဒယ်နံပါတ်က AC2003 ဖြစ်ပြီး နိုင်ငံတကာမှာ ရောင်းချမယ်လို့ ထင်ပါတယ်။ India’s Bureau of Indian Standards (BIS) မှာလည်း မှတ်ပုံတင်လိုက်ပြီး မော်ဒယ်နံပါတ်က AC2001 ဖြစ်ပါတယ်။

အရင်ထွက်ခဲ့တဲ့ သတင်းတွေအရ OnePlus Nord 5G မှာ ၆.၅၅ လက်မ Super AMOLED မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး 90Hz Refresh Rate နဲ့ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာတွေ ထောက်ပံ့ထားမှာပါ။ အနောက်ဘက်မှာ ကင်မရာ ၄ လုံး ပါလာမှာ ဖြစ်ပြီး 64MP Main , Ultrawide , Macro နဲ့ Depth တွေ ဖြစ်ပါတယ်။

Snapdragon 765G Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး 12GB RAM , 128GB Storage ထည့်ထားမှာပါ။ 4,300mAh ဘက်ထရီ ပါလာမှာ ဖြစ်ပြီး Android 10 အခြေပြု Oxygen OS မောင်းနှင်ထားနိုင်ပါတယ်။ ရူပီး ၂၅,၀၀၀ လောက်နဲ့ ရောင်းနိုင်ပြီး မြန်မာငွေ ၄ သိန်းခွဲလောက်ရှိမှာပါ။

OnePlus Nord ကို နောက်လလောက်မှာ ကြေညာနိုင်ပေမယ့် OnePlus က ဘာမှ မပြောသေးပါဘူး။ မကြာခင်မှာ အဲဒီဖုန်းရဲ့ သတင်းအချက်အလက်တွေ ပိုမို သိလာရနိုင်ပါတယ်။

Ref : gsmarena