OPPO Watch ကို FCC မှာ မှတ်ပုံတင်လိုက်ပြီဖြစ်ပြီး ဓါတ်ပုံ တချို့ ထွက်ပေါ်လာပါတယ်။ မော်ဒယ်နံပါတ်က OW19W12 ဖြစ်ပြီး စမတ်နာရီရဲ့ အားသွင်းကြိုးနဲ့ လက်ပတ်ကိုလည်း မြင်ရပါတယ်။ OPPO Watch ဟာ ဒီဇိုင်းအပိုင်းမှာ Apple Watch နဲ့ အရမ်းကို တူပြီး ဥရောပမှာ ဒီနှစ် ဒုတိယနှစ်ဝက်မှာ ရောင်းချနိုင်ပါတယ်။
Oppo Watch OW19W12 Images Via FCC. pic.twitter.com/4yxT7my8Fk
— Abhishek Yadav (@yabhishekhd) June 27, 2020
FCC မှာ ဖော်ပြထားချက်အရ OPPO Watch ကို Amazon US Website မှာ ရောင်းချမှာ ဖြစ်ပြီး “Purchase on Amazon: OPPO Watch” ဆိုတဲ့ Link ကို နှိပ်ရင် Amazon.com မှာ OPPO Watch ကို ရှာပေးမှာပါ။ လက်ရှိမှာတော့ Amazon US မှာ အဲဒီ စမတ်နာရီကို မတွေ့ရသေးပါဘူး။ OPPO Watch အတွက် ၄၁ မီလီမီတာနဲ့ ၄၆ မီလီမီတာ ၂ မျိုး ထုတ်လုပ်ထားမှာ ဖြစ်ပြီး ဓါတ်ပုံက ပေတံအရ အရွယ်အစား ပိုကြီးတဲ့ ၄၆ မီလီမီတာ ဗားရှင်းကို တွေ့ရပါတယ်။
OPPO Watch ကို မတ်လက တရုတ်မှာ ရောင်းပေးခဲ့ပြီး Custom OS ထည့်ထားပါတယ်။ ၁,၉၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၃ သိန်း ၉ သောင်းလောက်ရှိပါတယ်။ ၁.၉ လက်မ မျက်နှာပြင် ထည့်သွင်းထားပြီး ဘေးဘက်တွေဟာ ကွေးညွှတ်ဒီဇိုင်း ဖြစ်ပါတယ်။ Snapdragon 2500 Wear Mobile Platform မောင်းနှင်ထားပြီး 8GB RAM ပါပါတယ်။ eSIM ကနေ ဆဲလ်လူလာ ဆက်သွယ်မှုကို သုံးနိုင်ပါတယ်။
OPPO Watch ကို အမေရိကန်မှာ ရောင်းရင် အောင်မြင်နိုင်မလားဆိုတာနဲ့ US Carriers တွေရဲ့ ထောက်ခံအားပေးမှု ရမလားဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။
Ref : gsmarena