MediaTek ကနေ လက်ရှိအချိန်မှာ Mid Range စျေးကွက်အတွက် Dimensity Series 5G Chipset တွေကို ဆက်တိုက်ထုတ်လုပ်ပေးနေတာဖြစ်ပါတယ်။ အခုလည်း MediaTek ကနေ Mid Range ဖုန်းတွေထက်ပိုစျေးသက်သာတဲ့ Budget ဖုန်းတွေအတွက် ရည်ရွယ်ပြီးတော့ Dimensity 5G Chipset အသစ်ကို မိတ်ဆက်သွားတော့မှာပါ။
အဆိုပါ MediaTek Dimensity 5G Chipset အသစ်ကတော့ Codename MT6853 ဆိုပြီးထွက်ရှိလာမယ်လို့သိရပြီး MT8653V နဲ့ MT6853Z ဆိုပြီး Version ၂ မျိုးထွက်ရှိလာမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဆိုပါ 5G Chipset အသစ်ဟာ Budget ဖုန်းတွေအတွက်ရည်ရွယ်ထားတယ်လို့ပဲ သိရပြီးတော့ တခြားသောအသေးစိတ်အချက်အလက်တွေကိုတော့ မသိရှိရသေးပါဘူး။
အဲ့ဒီအတွက် MediaTek ကနေ လက်ရှိ Dimensity 1000 နဲ့ 800 Series တွေလိုမျိုးပဲ 600 Series ဆိုပြီး မိတ်ဆက်လာဖို့များနေပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်ပိုင်းတုန်းကလည်း Qualcomm ကနေ Snapdragon 600 Series ထဲမှာ 5G Support ပြုလုပ်တဲ့ Snapdragon 690 Chipset ကို မိတ်ဆက်ခဲ့တဲ့အတွက် အခု MediaTek 5G Chipset အသစ်ကလည်း အဆိုပါ Snapdragon 690 Chipset နဲ့ ယှဥ်ပြိုင်လာမယ်လို့ ယူဆရပါတယ်။
ဘာပဲဖြစ်ဖြစ် အဆိုပါ MediaTek 5G Chipset အသုံးပြုထားတဲ့စမတ်ဖုန်းတွေကိုလည်း မကြာခင်တွေ့မြင်ရမယ်လို့ သိရတဲ့အတွက် ဖြစ်နိုင်တာက နောက်လဝန်းကျင်လောက်မှာ တရားဝင်မိတ်ဆက်လာနိုင်ပါတယ်။
Ref – Giz China