OnePlus က စွမ်းရည်သင့် Nord ဖုန်းကို တရားဝင် မကြေညာရသေးပေမယ့် Snapdragon 765G ပါမယ်လို့ မကြာခင်က အသိပေးခဲ့ပါတယ်။ အခုတော့ မကြေညာရသေးခင်မှာပဲ ဥရောပမှာ ၁ ရက်နေ့က ကြိုတင်မှာယူခွင့်ပြုလိုက်ပြီး ရောင်းအား အရမ်းကြမ်းသွားပါတယ်။ ပထမအသုတ်မှာ အလုံးရေ ၁၀၀ ဟာ ဖြုတ်ခနဲ ကုန်သွားပြီး ဒုတိယနဲ့ တတိယ အပတ်တွေမှာ ထပ်ရောင်းမှာပါ။ ဥရောပမှာ ၅၀၀ ဒေါ်လာအောက်ပဲရှိတဲ့အတွက် မြန်မာငွေ ၆ သိန်း ၈ သောင်းအောက်ပဲ ရှိမှာပါ။
OnePlus Nord မှာ SD765G ပါတဲ့အတွက် 5G ဆက်သွယ်မှုကို ခံစားနိုင်မှာပါ။ 90Hz Refresh Rate ထောက်ပံ့ထားနိုင်ပြီး 32MP+8MP Dual ဆဲလ်ဖီး ကင်မရာ ပါမယ်လို့ သတင်းထွက်နေပါတယ်။ 8GB RAM , 128/256GB Storage ပါလာနိုင်ပြီး အနောက်ကင်မရာ ၃ လုံးလား၊ ၄ လုံးလားဆိုတာ မသိရသေးပါဘူး။ 30W Fast Charging ပါတဲ့ 4,300mAh ဘက်ထရီ ပါလာမှာပါ။
OnePlus Nord ကို အိန္ဒိယမှာ Amazon India ကနေ ကြိုတင်မှာယူခွင့်ပေးမယ်လို့ ထင်ရပြီး ဇူလိုင်လ ၁၀ ရက်နေ့မှာ ကြေညာနိုင်ပါတယ်။
Ref : gizmochina